အေဒင် ဇန်နဝါရီ ၂၉
ကြာသပတေးနေ့က တောင်ဘက်ဆိပ်ကမ်းမြို့တော် ဖြစ်သော အေဒင်ရှိ
သမ္မတနန်းတော်တွင် အသေခံ တိုက်ခိုက်မှုကြောင့်
တပ်သားကိုးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြရာ ယီမင်အခြေစိုက်
အိုင်အက်စ်သစ္စာခံအုပ်စု၏ လက်ချက်ဖြစ်သည်ဟု ယူဆ ရကြောင်း
ဆင်ဟွာသတင်းဌာနတွင်ဖော်ပြသည်။
နယ်သာလန်မှ တိုက်ခိုက်ရေးသမားတစ်ဦးက အေဒင်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း ယီမင်ရှိ အိုင်အက်စ်အုပ်စုကလူမှုရေးမီဒီယာများမှ ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့သည်။
ဂျီဟတ်စစ်ဆင်ရေးတွင် သမ္မတကိုယ်ရံတော်တပ်ဖွဲ့မှ တပ်သား ၁ဝ ဦးခန့် ကျဆုံးသွားပြီး အခြား ၂ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြခဲ့ သည်။
ယီမင်အသိအမှတ်ပြု သမ္မတ မန်ဆာဟာဒီနှင့် ၄င်းအစိုးရကို ဦးတည်ချက်ထားသော အကြမ်းဖက် တိုက်ခိုက်မှုများကို အိုင်အက်စ်အကြမ်းဖက်သမား များက ပိုမိုပြုလုပ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။
ယီမင်အခြေစိုက် အိုင်အက်စ်အုပ်စုက ယီမင်တွင် တိုက်ခိုက်မှုများပြုလုပ်ရန် အနောက်နိုင်ငံသားတစ်ဦး ကို အသုံးပြုခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ယီမင်နိုင်ငံဆိုင်ရာကျွမ်းကျင်သူများနှင့် လေ့လာစောင့် ကြည့်သူများက ပြောခဲ့သည်။
ဝန်ကြီးချုပ် ခါလဒ်ဘာဟတ်က မြို့တော်အေဒင်တွင် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ယီမင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီ အာရေဗျ၊ ဘာရိန်း၊ ဆူဒန်နိုင်ငံတို့မှ အဆင့်မြင့်ခေါင်းဆောင် နှင့် ဆွေးနွေးမှုများပြုလုပ်ပြီး တစ်ရက်အကြာတွင် ယင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(ဆင်ဟွာ)
No comments:
Post a Comment