တပ်ကုန်း ဇန်နဝါရီ ၂၈
နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းမှ စပါး၊ မြေပဲ၊ ပြောင်းစိုက်တောင်သူများအနေဖြင့် ယခုနှစ်သီးနှံ
ရိတ်သိမ်းပြီးသည့်အခါမှ မိုးရာသီအချိန်တွင် ခိုင်းနွားများအတွက် အစာလုံလောက်မှု ရှိစေရန် နွားစာများကိုသိုလှောင်သိမ်းဆည်းရာ၌ အချိန်ကုန်သက်သာပြီး လူလည်းသက်သာသော နွားစာ စဉ်းစက်များကို ငှားရမ်း၍ ကောက်ရိုး၊ မြေပဲရိုး၊ ပြောင်းရိုးများကို သိုလှောင်သောကြောင့် နွားစာစဉ်းစက် ငှားရမ်းသူများ များပြားလာကြောင်းသိရသည်။
''ကျွန်တော်တို့ နွားစာစဉ်းစက်ကိုလာငှားရင် ကောက်ရိုး၊ မြေပဲရိုး၊ ပြောင်းရိုးနှင့်အခြားနွားစာကိုပဲစဉ်းစဉ်း တစ်နာရီကို ကျပ် ၄ဝဝဝ ယူပါတယ်။ စက်သုံးဆီက တစ်နာရီကို တစ်ပုလင်းခွဲလောက် ကုန်ပါတယ်။ ကုန်ကျစရိတ်နဲ့နှိုင်းစာရင် နွားစာစဉ်းစက်ထောင်ရတာ တွက်ခြေကိုက်ပါတယ်။ နွားစာသိုလှောင်တဲ့ တောင်သူတွေလည်းမှာ အချိန်တိုအတွင်း အမိုးအကာအောက် ရောက်ရှိတော့ အခုဆိုရင် နွားစာစဉ်းစက်ကို ငှားရမ်းတာပိုများလာပါတယ်''ဟု သဲဖြူကျေးရွာမှ နွားစာစဉ်းစက် တည်ထောင်ထားသည့် ဦးဝင်းလှိုင်က ပြောပြသည်။
ယခင်က နွားစာများသိုလှောင်ရာတွင် ခြေထောက်နင်း ဓားစဉ်ဖြင့် လူငှားစဉ်းရပြီး နွားစာစဉ်းသူများအားကျပ် ၃ဝဝဝ ဖြင့် ငှားရကြောင်း၊ နွားစာဖတ်မှာ စက်စဉ်းရာတွင် ထွက်ရှိသလောက်မရရှိကြောင်း၊ နွားတစ်ရှဉ်းစာအား ငါးရက်၊ ခြောက်ရက်ကြာအောင်စဉ်းရကြောင်း နွားစာသို လှောင်သူတစ်ဦးက ပြောပြသည်။
''အခုစက်ခေတ်ဆိုတော့ နွားစဉ်းစက်နဲ့တစ်ရက်တည်း စဉ်းရုံနဲ့ နွားစာသိုလှောင်အိမ်ထဲ အချိန်တိုအတွင်းရောက်ရှိပါတယ်'' ဟု အဆိုပါ နွားစာသိုလှောင်သူတစ်ဦးက ပြောပြသည်။
တင်စိုးလွင်(ပြန်/ဆက်)
No comments:
Post a Comment