Monday, January 11, 2016

မြောက်ကိုရီးယားဗုံးစမ်းသပ်မှုအပေါ် လက်တုံ့ပြန် အမေရိကန်ဗုံးကြဲလေယာဉ် ကိုရီးယားကျွန်းဆွယ်အပေါ် ပျံသန်း



Myanmaalinn's photo.
ဆိုးလ် ဇန်နဝါရီ ၁ဝ

မြောက်ကိုရီးယားကလွန်ခဲ့သောသီတင်းပတ်တွင် နျူကလီးယား စမ်းသပ်ခဲ့ပြီးနောက် အင်အားပြသ မှုတစ်ရပ်အဖြစ် အမေရိကန်က ၄င်းတို့၏ မဟာမိတ် တောင်ကိုရီးယား နိုင်ငံသို့ တနင်္ဂနွေနေ့တွင B-52 ဗုံးကြဲ လေယာဉ်တစ်စင်း အနိမ့် ပျံသန်းလျက် ဖြန့်ကြက်ခဲ့သည်။
ဗုဒ္ဓဟူးနေ့က ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုသည် အမေရိကန်၏ နျူ ကလီးယား ခြိမ်းခြောက်မှုကို ဆန့်ကျင် လျက် မိမိနိုင်ငံအားကာကွယ်ရေး မူဝါဒအဖြစ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ဆုပ်ကိုင်ထားသည်။
မြောက်ကိုရီးယားနိုင်ငံ၏ စတုတ္ထ မြောက် နျူကလီးယားစမ်းသပ် မှုသည် အမေရိကန်နှင့် တရုတ် နိုင်ငံတို့ကို ဒေါသထွက်စေခဲ့သည်။
သို့သော်လည်း အမေရိကန် အစိုးရနှင့် လက်နက်ကျွမ်းကျင်သူ များက မြောက်ကိုရီးယားနိုင်ငံ၏ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအပေါ် သံသယဖြစ်နေဆဲဖြစ်သည်။
ဂူအန်တွင် အခြေစိုက်သည့် အဆိုပါ ဗုံးကြဲလေယာဉ်ကြီးသည် နျူကလီးယား လက်နက်များကို သယ်ဆောင်သွားနိုင်ခဲ့သည်။
ယင်းလေယာဉ်သည် ဂူအန်သို့ ပြန်လည်မဆင်းသက်မီ အမေရိ ကန် F-16တိုက်လေယာဉ်နှင့် တောင်ကိုရီးယား F-15 တိုက် လေယာဉ် နှစ်စင်းခြံရံလျက် အိုဆန် လေတပ် အခြေစိုက်စခန်းအပေါ် အနိမ့်ပျံသန်းခဲ့ကြောင်း အမေရိ ကန်စစ်ဘက် ကြေညာချက်တွင် ဖော်ပြသည်။
အိုဆန်လေတပ် အခြေစိုက် စခန်းသည် မြောက်ကိုရီးယားနယ်စပ် မှ ၆၂ မိုင်သာ ကွာဝေးသည်။
ယင်းပျံသန်းမှုသည် မြောက် ကိုရီးယား၏ မကြာသေးမီက ရန်လိုမှုအပေါ် တုံ့ပြန်လိုက်ခြင်း ဖြစ်ကြောင်း အမေရိကန်စစ်ဘက်က ပြောသည်။
အမေရိကန်အနေဖြင့် ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်ရေးနှင့် တောင် ကိုရီးယားနိုင်ငံကို ကာကွယ်ပေးရန် တာဝန်ရှိကြောင်း အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး တာရန်အို ရှောင်နက်ဘေးက ပြောသည်။

(ရိုက်တာ)

No comments:

Post a Comment