ကျူးကျော်ဆိုင်ခန်းများအား အရေးယူပေးစေလို
ရန်ကုန်တိုင်းဒေသကြီး မရမ်း ကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ
အလောင်းဘုရားလမ်းမအား ကွန် ကရစ်လမ်းခင်း၍ တိုးချဲ့ပေးထား သော်လည်း
ယင်းလမ်းမကြီး၏ထိပ်ဘက်ရှိ ၁ လမ်း၊ ၂ လမ်းနှင့် ၃ လမ်းထိပ်နေရာတို့တွင်
ဈေးသည် များ စည်းကမ်းမဲ့ ကျူးကျော်နေရာယူ ရောင်းချလျက်ရှိနေကာ ယာဉ်များ
နှင့် ဖြတ်သန်းသွားလာကြသော ပြည်သူများ အခက်အခဲဖြစ်နေရ ကြောင်း သိရသည်။
(ယာပုံ)
အမှတ် (၁)ရပ်ကွက်ရှိ (၂ )လမ်း နေပြည်သူတစ်ဦးက ''ဒီနေရာက ဈေးနေရာမဟုတ်ပါဘူး။ ရပ်ကွက် သီးသန့်ပါ။ အဲ့ဒီလမ်းမှာဆိုရင် ယာဉ်တွေတောင် ဖြတ်သန်းသွားလာ လို့မရတော့ဘဲ ဈေးသည်တွေနဲ့ ပိတ်ဆို့နေတာပါ။ ပြီးတော့ အဲဒီ စည်ပင်ပိုင်လမ်းပေါ်မှာ အကြောင်းမဲ့ ဈေးဗန်းနေရာဦးပြီး နေရာရောင်းချ မှုတွေ ရှိနေပါတယ်။ ရပ်ကွက်တွင်း က သက်ကြီးရွယ်အိုတွေပါ သွားလာ ရခက်နေတယ်''ဟု ဆိုသည်။
အ ဆို ပါ အလောင်းဘုရား လမ်းသည် ရပ် ကွက်နေ ပြည်သူ များ အားအထား ရဆုံး လမ်းဖြစ်ပြီး ဘုရင့်နောင်လမ်း မှစ၍(၁)လမ်းသို့ ပတ်ကာ မြို့သစ် ဘူတာမှ ဗဟို လမ်းသို့ ဆက် သွယ်ထားသော လမ်းလည်းဖြစ်သော ကြောင့် လမ်းမြေကို ကျူးကျော်ထား သော ရွက်ဖျင်ထိုးဆိုင်ခန်းများနှင့် ဂိတ်ထိုး၍ စည်းကမ်းမဲ့ရပ်နားထား ကြသော ဆိုက်ကား၊ ဂါလီများအား ရှင်းလင်းပေးစေရန် ရပ်ကွက်အတွင်း နေထိုင်ကြသော ပြည်သူများက လိုလားလျက်ရှိနေကြောင်း သိရ သည်။

စိုးဝင်း (SP)
No comments:
Post a Comment