Wednesday, January 13, 2016

ဆက်သွယ်ရေးတာဝါတိုင်ဆောက်လုပ်မှု အနီးနေအိမ်အန္တရာယ်ရှိနေ



The Mirror Daily's photo.
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် မြကိုင်းကျေးရွာတွင် ကုမ္ပဏီဆက်သွယ်ရေးတာဝါတိုင် ဆောက်လုပ်ရန်အတွက် မြေကြီးတူးဖော်မှုများဆောင်ရွက်ခဲ့ရာ ယင်းဒေသနေပြည်သူများနှင့် အနီးပတ်ဝန်းကျင် လူနေအိမ်များမှ မြေကြီးတူးဖော်မှုအပေါ် သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများနှင့် ဆွေးနွေးရာအဆင်ပြေမှုမရှိခဲ့ပါ။


မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တာဝါတိုင်ဆောက်လုပ်ရန် မြေကြီးတူးဖော်မှုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခြင်းမရှိစေရန် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ရက်တွင် မြကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ရုံးစာပေးပို့ထားပြီး မြကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးက ဇန်နဝါရီ ၆ရက်တွင် မြေကြီးတူးဖော်နေသူများကို အကြောင်းကြားစာထပ်မံပေးပို့ ထားပါသည်။ ထိုသို့အကြောင်းကြားစာအဆင့်ဆင့်ပေးပို့ထားသော်လည်း ယင်းလုပ်ငန်းဆောင်ရွက်နေသူများသည် ဆက်လက်လုပ်ကိုင်နေသဖြင့် ဇန်နဝါရီ ၅ရက်တွင် မြေကြီးတူးဖော်သည့် မြေနေရာအိမ်နှင့်ကပ်လျက်နေအိမ်မှ ကြမ်းခင်းကွန်ကရစ်များကွဲကျအက်ကြောင်းများ ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာတာဝါတိုင်ဆောက်လုပ်သည့် မြေကြီးတူးဖော်နေသူများအား နေအိမ်ပိုင်ရှင်က ခေါ်ယူပြသခဲ့ပါသည်။


သို့ဖြစ်ပါ၍ ပတ်ဝန်းကျင်ပြည်သူများနှင့် ဒေသခံပြည်သူများ ထိခိုက်နစ်နာမှုမရှိရန်နှင့် အန္တရာယ်ဖြစ်ပေါ်လာမှုမရှိစေရန် လူနေအိမ်များနှင့် ဝေးကွာသော၊ သင့်တင့်သော မြေနေရာတွင် တာဝါတိုင်ဆောင်လုပ်နိုင်ရန် မြကိုင်းကျေးရွာနေပြည်သူများက လိုလားလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။


မြကိုင်းကျေးရွာပြည်သူများ

No comments:

Post a Comment