Sunday, January 31, 2016

တရုတ်မဂ္ဂဇင်းရဲ့မျက်နှာဖုံးရှင်ဖြစ်ခွင့်ရလာတဲ့ ပထမဦးဆုံးသော တောင်ကိုရီးယားအနုပညာရှင်



 

တောင်ကိုရီးယားအမျိုးသားပေါ့ပ် တေးဂီတအဖွဲ့''CNBLUE''မှ အဖွဲ့ ဝင်တစ်ဦးဖြစ်သူ ယွန်ဟွာသည် တရုတ်နိုင်ငံ၏ နာမည်ကျော်မဂ္ဂဇင်း တစ်ခုဖြစ်သည့် ''ELLE'' မဂ္ဂဇင်း၏ မတ်လထုတ် မျက်နှာဖုံးရှင်အဖြစ် ဖော်ပြခံခဲ့ရကြောင်း စွန်ပီဒေါ့ကွန်းက ဖော်ပြခဲ့သည်။
ယခုကဲ့သို့ ''ELLE''မဂ္ဂဇင်းတွင် မျက်နှာဖုံးရှင်အဖြစ် ရွေးချယ်ဖော်ပြ ခြင်း ခံခဲ့ရသည့်အတွက် ယွန်ဟွာသည် တရုတ်မဂ္ဂဇင်းတွင် မျက်နှာဖုံးရှင်ဖြစ် ခွင့်ရခဲ့သည့် ပထမဦးဆုံးသော တောင်ကိုရီးယား အနုပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။
ယွန်ဟွာမျက်နှာဖုံးရှင်အဖြစ် ရိုက် ကူးခဲ့သည့် မတ်လထုတ်မဂ္ဂဇင်းသည် ''Voice of ELLE'' ထုတ်ဝေသည့် နှစ် (၇ဝ)ပြည့် အထိမ်းအမှတ် အထူး ထုတ်မဂ္ဂဇင်းဖြစ်သည်။
ယွန်ဟွာသည် ဂီတလောကတွင် အောင်မြင်သော အဆိုတော်တစ်ဦး အဖြစ်သာမက သရုပ်ဆောင်လောက တွင်လည်း အတိုင်းအတာတစ်ခုအထိ နေရာရနေပြီဖြစ်သော မင်းသားတစ် လက်လည်း ဖြစ်သည်။ သူသည်၂ဝဝ၉ ခုနှစ်ကSBS ရုပ်သံလိုင်းမှ ထုတ်လွှင့် ခဲ့သော ရုပ်သံဇာတ်လမ်းတွဲ ''You're Beautiful''တွင် မင်းသမီး ပါ့ခ်ရှင် ဟေးနှင့်တွဲဖက်၍ ဒုတိယ မင်းသား နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့ကာသရုပ် ဆောင်လောကသို့ ခြေချခဲ့ပြီး လတ်တလောအထိ ဇာတ်လမ်းတွဲနှင့် ရုပ်ရှင်ဇာတ်ကားပေါင်းခြောက်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီးဖြစ်သည်။
အေးပြည့် - စုစည်းရေးသားသည်

No comments:

Post a Comment