Saturday, January 2, 2016

စိမ်းစားဥနဲ့ ကျန်းမာရေး



The Mirror Daily's photo.
ပေါက်ပေါက်
ယခုလိုချမ်းအေးသော ဆောင်းရာသီ ရောက်ပြီဆိုရင်ဖြင့်၊ တစ်နှစ်မှတစ်ခါသာ 
ပေါ်လေ့ရှိသည့် ရာသီစာစိမ်းစားဥလေးများကို စားသုံးနိုင်ပါပြီ။ အဖြူရောင် ဟင်းသီး ဟင်းရွက်နွယ်ဝင် စိမ်းစားဥတို့ သည် အာလူးမျိုးနွယ်ဖြစ်ကြသော်လည်း၊ သူ့ရဲ့ ကြီးထွားမှုပုံစံသည် ပဲပင်နှင့် တူသောကြောင့် အချို့ အရပ်ဒေသများတွင် 'ပဲစိမ်းစားဥ'လို့ ခေါ်ဆိုကြပါသည်။

မြန်မာပြည်အနှံ့ အပြားတွင် ပေါက်လေ့ရှိပြီး အထူးသဖြင့် ရှမ်းပြည်နယ်ထွက် စိမ်းစားဥသည် အရွယ်အစားပိုကြီးကာ အရည် လည်းရွှမ်းပါသည်။ သဘာဝအရသာ ချိုချိုလေးမို့၊ အခွံနွှာ၍သူ့ချည်းပဲ သရေစာအဖြစ်စားကြသလို၊ ပါးပါးလှီးကာ အစိမ်းကြော် ကြော်စားလေ့ရှိကြပါသည်။
USDA ၏ ဓာတ်ခွဲစမ်းသပ်မှုအရ၊ ၁ဝဝ ဂရမ်ရှိသော စိမ်းစားဥထဲတွင်၊ ရေဓာတ်ပေါကာ ခွန်အား ၃၈ ကယ်လိုရီ၊ ကစီ ဓာတ် ၈ ဒသမ ၈၂ ဂရမ်၊ ပရိုတင်း သုညဒသမ ၇၂ ဂရမ်၊ သဘာဝအဆီဓာတ် သုည ဒသမ ၁၉ ဂရမ်၊ ချေဖျက်လွယ်သော အမျှင် ဓာတ် ၄ဒသမ၉ ဂရမ်၊ ဖောလိပ် ၁၂µg၊ နီအာစင် သုည ဒသမ၂ဝဝ မီလီဂရမ်၊Pantothenicအက်ဆစ် သုည ဒသမ ၁၃၅ မီလီဂရမ်၊ Pyridoxine သုည ဒသမ ဝ၄၂ မီလီဂရမ်၊ ရီဘိုဖလာဗင် သုည ဒသမ ဝ၂၉ မီလီဂရမ်၊ သီအာမင် သုည ဒသမ ဝ၂ဝ မီလီဂရမ်၊ ဗီတာမင်အေ ၂၁IU၊ ဗီတာမင်စီ ၂ဝ ဒသမ ၂ မီလီဂရမ်၊ ဗီတာမင်အီး သုည ဒသမ ၄၆ မီလီဂရမ်၊ ဗီတာမင်ကေ သုည ဒသမ ၃µg၊ ဆိုဒီယမ် ၄ မီလီဂရမ်၊ ပိုတက်စီယမ် ၁၅ဝ မီလီဂရမ်၊ ကယ်လ်စီယမ် ၁၂ မီလီဂရမ်၊ ကော့ပါး သုည ဒသမ ဝ၄၈ မီလီဂရမ်၊ သံ
ဓာတ် သုည ဒသမ ၆ဝ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၂ မီလီဂရမ်၊ မဂ္ဂနီးစ် သုည ဒသမ၆ဝ မီလီဂရမ်၊ ဇင့် သုည ဒသမ ၁၆ မီလီဂရမ်၊ ဘီတာကယ်ရိုတင်း ၁၃µg၊ စသည်ဖြင့် လူသားတို့ ကျန်းမာရေးကို အကျိုးပြုစေသော ဗီတာမင်နှင့် သတ္တုဓာတ်တို့ပါရှိကြပြီး ဘေးဥပါသ်ဖြစ်စေသော ကိုလက်စထရော
လုံးဝ မပါရှိပါဘူး။

၁။ စိမ်းစားဥထဲတွင်ပါရှိသောOligofructose inulin (ခေါ်) သဘာဝအချို
အရသာ ကစီဓာတ် ပါရှိ၏။ ထိုအချိုဓာတ်ပါရှိသော စိမ်းစားဥကို သင့်တင့်
မျှတသောပမာဏ စားသုံးပေးခြင်းဖြင့်ဆီးချို၊ သွေးချိုရောဂါသည်များကို 
ဘေးဥပါသ်မဖြစ်စေနိုင်ဘဲ အာသာပြေနှုတ်မြိန်စေပါသည်။

၂။ ဗီတာမင်စီလုံလောက်စွာပါရှိသဖြင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးစသော ကူးစက်နာရာသီဖျားများအပြင်၊ အထူး သဖြင့် ကလေးငယ်များ ပန်းနာရင်ကျပ် ရောဂါကို လျော့ပါးသက်သာ လာစေ နိုင်ပါသည်။
၃။ စိမ်းစားဥထဲတွင်ပါရှိသော ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် အစွမ်းထက်စေကာ၊ ခန္ဓာကိုယ်ထဲရှိ အန္တရာယ်ဖြစ်စေသော ဖရီးရယ်ဒီ 
ကယ်လ်များကို တိုက်ထုတ်ပေးနိုင် သောကြောင့် ကင်ဆာရောဂါမှ ကာ ကွယ်ပေးပါသည်။

၎။ ကယ်လိုရီလုံးဝမပါရှိသော စိမ်းစားဥ 
ကိုစားပေးခြင်းဖြင့်၊ ကိုလက်စထရော 
ပမာဏကို မျှတစေကာ၊ နှလုံးရောဂါ 
များအပြင်၊ နှလုံးရောဂါနှင့်စပ်လျဉ်း သည့် သွေးတိုးရောဂါတို့ကိုလည်း မဖြစ်စေပါ။
၅။ စိမ်းစားဥသည် ခန္ဓာကိုယ်ထဲရှိ ဆံချည် မျှင်သွေးကြောများကို အလွယ်တကူ မပျက်စီးစေဘဲ ကျန်းမာသန်စွမ်းစေပါ သည်။

၆။ စိမ်းစားဥထဲတွင် Homocysteine (ခေါ်) အမိုင်နိုအက်ဆက်တစ်မျိုး ပါရှိ
သည့်အတွက် စိမ်းစားဥပုံမှန်စားသုံး သောသူများသည် စိမ်းစားဥလုံးဝ မစားသောသူများထက် ခန္ဓာကိုယ်ဇီဝ ကမ္မဖြစ်စဉ်ကို ၁၁ ရာခိုင်နှုန်းအထိ တိုးတက်ကောင်းမွန်စေကြောင်းWH Foods မှ အတည်ပြုထားပါသည်။

၇။ ဗီတာမင်နှင့် သတ္တုဓာတ်များပါရှိ သည့်ပြင်၊ ပြင်ပရောဂါကူစက်ခြင်းမှ ကာကွယ်ပေးသော စိမ်းစားဥကို စား ပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို တိုး
တက်မြင့်မားစေကြောင်း USDA မှ အကြံပြုထားပါသည်။

၈။ စိမ်းစားဥထဲတွင် ရေဓာတ် ၈၆ ရာခိုင် 
နှုန်းမှ ၉ဝ ရာခိုင်နှုန်းအထိ ပါရှိသောကြောင့်၊ ရေငတ်ပြေစေကာ၊ ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျော့ပါး သက်သာစေနိုင်ပါသည်။ ဆီးလည်း ရွှင်စေပါသည်။

၉။ စိမ်းစားဥ၏ အလွန်ကြွ်ဆပ်သော အသားများက သွားများတွင် အစွန်း အထင်းဖြစ်စေသော မော်လီကျူးများ ကို ကောင်းစွာ ချေဖျက်ပေးသဖြင့်၊ သွားများ ဖြူဖွေးသန့်စင်စေရုံသာမက၊ သွားကျန်းမာရေးကို အထောက်အကူ
ဖြစ်စေနိုင်ပါသည်။

၁ဝ။ ကိုယ်တွင်းကျန်းမာရေး အတွက်သာမက၊ ခန္ဓာကိုယ်အသားအရေကိုပါ ကောင်းကျိုးပြုစေနိုင်၏။ စိမ်းစားဥ ကိုပါးပါးလှီးပြီး မျက်နှာအနှံ့ ကပ် 
ပါ။ စိမ်းစားဥ၏ အအေးဓာတ်ပျောက် သွားသောအခါ မျက်နှာမှခွာပြီး၊ ရေ
စင်ဆေးပေးရုံမျှဖြင့် မျက်နှာပေါ်ရှိ ဆဲလ်အသေများကို ဖယ်ရှားပေးပြီး၊ ချွေးပေါက်များကို ပွင့်စေကာ၊ အသား အရေ ကြည်လင်သန့်စင်လာပါလိမ့် မည်။

သတိပြုရန်
(၁) စိမ်းစားဥ နှင့်နို့၊ ချောကလက်၊ ချိုချဉ်၊ သပွတ်သီး၊ ရှောက်သီးတို့ဖြင့်တွဲ၍ မစားသင့်ပါ၊ အော့အန်တတ်ပါသည်။
(၂) စိမ်းစားဥသည် ရေခဲချောင်းနှင့် မတည့်ပါ။ ရင်ကျပ်စေပါသည်။
(၃) စိမ်းစာဥထဲတွင် ကျေညက်လွယ်သော အမျှင်ဓာတ်ပါရှိသော်လည်းပဲ လိုအပ်သည်ထက် ပိုစားမိပါက၊ လေပွစေနိုင်သောကြောင့် ဝမ်းမီးညံ့သူများနှင့် သက် ကြီးရွယ်အိုတို့ မျှတရုံသာစားပေးသင့် ပါသည်။
(၄) သဘာဝအရ မြေကြီးထဲတွင် ဥဥ သော အသီးဖြစ်သဖြင့်၊ ကပ်ပါးပိုးမွှား များအန္တရာယ်မှ ကင်းဝေးစေအောင် အခွံနွှာရုံသာမက၊ ရေစင်စင်ဆေးပြီး မှသာ စားသုံးသင့်ပါသည်။
မှတ်ချက်
သန့်ရှင်းလတ်ဆတ်သော စိမ်းစားဥ၏ အင်္ဂါရပ်များမှာ
(က) လက်ဖြင့်ကိုင်မြှောက်ကြည့်ပါက လေး
လံနေ၏။(ခ) အသီး၏ အပင်ကိုင်းသည်စိမ်းစိုနေရပါမည်။

(၃) အခွံမခြောက်သင့်ပါ။ ထို့ကြောင့် အရွေးမမှားဖို့ လိုပါသည်။
သင်ကံကောင်းပါသည်။ သဘာဝတရား ကြီးက လူသားတို့ ကျန်းမာရေးကို တစ်ဖက်တလမ်းမှ ကူးညီပံ့ပိုးပေးလျက်ရှိရာ ယခုလို အေးမြသောဆောင်းရာသီတွင် ခန္ဓာကိုယ် တွင်းအပူအောင်းကာ၊ လည်ချောင်းကွဲ အပူကန်ဖျားနားခြင်း ကင်းဝေးအောင် ရေဓာတ်ြွက်ွကာ ခန္ဓာကိုယ်တွင်းအေးမြစေသော စိမ်းစားဥကို ဟင်းလိုတစ်မျိုး၊ သရေစာလို တစ်ဖုံ စားသုံးကြစေလိုပါကြောင်း။

ကိုးကား - 
အင်တာနက် (Yum bean’s Nutrient)

No comments:

Post a Comment