Saturday, January 30, 2016

မြန်မာသမိုင်းတွင် ပထမဦးဆုံးအကြိမ် နိုင်ငံတကာခုံရုံးသို့ တင်သွင်းရင်ဆိုင်ဖြေရှင်းသည့် ပင်လယ်နယ်နိမိတ်သတ်မှတ်ရေးဆိုင်ရာ အငြင်းပွားမှုစာအုပ်ထုတ်ဝေ



Myanmaalinn's photo.
 နေပြည်တော် ဇန်နဝါရီ ၂၉

ဒေါ်လှမျိုးနွယ် (နိုင်ငံ၏ ဒုတိယကိုယ်စားလှယ် အဖြစ် အမှုတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်သူ) ရေးသားသည့် မြန်မာသမိုင်းတွင် ပထမဦးဆုံးအကြိမ် နိုင်ငံတကာခုံရုံးသို့ တင်သွင်းရင်ဆိုင်ဖြေရှင်းသည့် ပင်လယ်နယ်နိမိတ်သတ်မှတ်ရေးဆိုင်ရာ အငြင်းပွားမှု စာအုပ်သည် မြန်မာစာပေသမိုင်းတွင် ထူးခြားစွာ ပေါ်ပေါက်လာခြင်းဖြစ်သည်။ မြန်မာသမိုင်းတွင် အခြား အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံနှင့် ဖြစ်ပွားသော အငြင်းပွားမှုအား ကမ္ဘာ့အဆင့်ရှိ ပင်လယ် ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးသို့ ပထမဦးဆုံးအကြိမ် တင်သွင်းဖြေရှင်းသည့် အမှုဖြစ်ခြင်းကြောင့် ထူးခြား သော သမိုင်းမှတ်တိုင်စိုက်ထူသည့် စာအုပ်ကောင်း ဖြစ်သည်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် လေ့လာသိရှိသင့်ပါသည်။ ထို့အတူ ဥပဒေပညာရှင်များ၊ သမိုင်းပညာရှင်များ၊ ရှေ့နေများ၊ နိုင်ငံတကာဆက်ဆံ ရေး ဆောင်ရွက်နေသူများနှင့် ဥပဒေကျောင်းသား ကျောင်းသူများအနေဖြင့်လည်း လက်စွဲကိုင်ထားသင့် သည်ဆိုလျှင် မမှားပါ။ အိမ်နီးချင်းနှစ်နိုင်ငံအကြား အငြင်းပွားမှုအား ငြိမ်းချမ်းသော နည်းလမ်းဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေအရ နည်းလမ်းတကျဖြေရှင်း ခဲ့၍ အာရှဒေသတွင်းနိုင်ငံများကပါ စံနမူနာယူကြရပြီး အတွေ့အကြုံကောင်း၊ အားသာချက်၊ အားနည်းချက်၊ အနာဂတ်တွင် သတိထားဆောင်ရွက်သင့်သည့် ကဏ္ဍများကို ထင်ဟပ်ထားသည့် စာအုပ်ကောင်းဖြစ်သည်။
ရောင်းဈေးငွေကျပ် ၂၅ဝဝ ဖြင့် ဖုန်း-ဝ၉-၉၇၂၈၁၈၁၉ဝ၊ ဝ၉-၂၅ဝ၂ဝ၅ဝ၆ဝ နှင့် ဝ၉-၂၅ဝ၁ဝ၂၅၄၂ တို့ထံသို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment