Wednesday, January 13, 2016

ချီလီနိုင်ငံသား ကျကျန်ခဲ့သည့်အိတ်အား ပြန်လည်ပေးအပ်


The Mirror Daily's photo.
ညောင်ရွှေ ဇန်နဝါရီ ၁၂
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(ညောင်ရွှေ)က ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် နိုင်ငံခြားသားလုံခြုံမှုနှင့် ကူညီမှုအတွက် လှည့်ကင်းဆောင်ရွက်စဉ် ညောင်ရွှေမြို့ ရုံးကြီးလမ်းနှင့် မိုင်းသောက် ကျေးရွာသွားလမ်းဆုံ၌ အပြာ၊ အဖြူကျား အဝတ်အိတ်တစ်လုံးကို တွေ့ရှိ၍ စစ်ဆေးရာ ချီလီနိုင်ငံသား Mr.PedroPablo Torres Morales ၏ ပတ်စ်ပို့စာအုပ်တစ်အုပ်နှင့် အခြားစာရွက်စာတမ်းများကို တွေ့ရှိခဲ့သည်။
တပ်ဖွဲ့စုမှ ညောင်ရွှေမြို့နယ်အတွင်းရှိ ဟိုတယ်များမှပေးပို့ထားသည့် ဧည့်စာရင်းများကို ရှာဖွေစစ်ဆေးရာ ညောင်ရွှေမြို့ မိုင်းလီရပ်ကွက်ရှိ Lady Princess Hotel ၌ ရောက်ရှိတည်းခိုနေသော Mr. PedroPablo Torres Morales ၏ အမည်ကို တွေ့ရှိခဲ့သည်။ ထို့နောက် Mr. PedroPablo Torres Morales အား ဆက်သွယ်ခေါ်ယူ၍ ပစ္စည်းစုံလင်မှု ရှိ၊ မရှိ စစ်ဆေးပြီး တပ်ဖွဲ့စု (ညောင်ရွှေ)မှ ဒုတိယရဲအုပ် စိုးနိုင်လင်းက ကျကျန်ခဲ့သည့်ပစ္စည်းကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
(နေမျိုးသူရိန်)

No comments:

Post a Comment