Wednesday, January 13, 2016

အင်းစိန်လမ်းနှင့် သမိုင်းလမ်းဆုံအနီး၌ဆင်ဆာမဲ့ ခွေရောင်းချသူအား အရေးယူ

The Mirror Daily's photo.
ရန်ကုန် ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ဆင်ဆာမဲ့အခွေများ ရောင်းချနေကြောင်း သတင်းအရ မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် အင်းစိန်လမ်းနှင့် သမိုင်းလမ်းဆုံအနီးရှိ အခွေဆိုင်အား ဇန်နဝါရီ ၇ ရက် နံနက် ၁၁ နာရီ ၅ မိနစ်ခန့်က ဝင်ရောက်ရှာဖွေရာ ယင်းဆိုင်တွင် မရမ်းကုန်းမြို့နယ်နေ ဖိုးသဲ(ခ)တင်အံ့ခိုင်အား သံခုံတန်းအရှည်ပေါ်တွင် ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်းတွဲခွေမျိုးစုံ ချပ်ရေ ၈ဝဝဝ၊ ဆင်ဆာမဲ့မြန်မာသီချင်းနှင့် အငြိမ့်ခွေမျိုးစုံ ၃၅ဝ၊ ဆင်ဆာမဲ့တရားခွေမျိုးစုံ ၉ဝ၊ ဆင်ဆာမဲ့ခွေများရောင်းချရာတွင် အသုံးပြုသော ပလတ်စတစ်ခြင်း ၁ဝ ခြင်း၊ စာရင်းစာအုပ်တစ်အုပ်၊ အခွေရောင်းချရငွေကျပ် ၂ဝဝဝ တို့နှင့် အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ယင်းကဲ့သို့ ဆင်ဆာမဲ့ခွေများရောင်းချသူ ဖိုးသဲ(ခ)တင်အံ့ခိုင်အား မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ဝ၄ဝ)

No comments:

Post a Comment