Wednesday, January 13, 2016

ဘီဘာအိုကို ခက်ခက်ခဲခဲ ရင်ဆိုင်ရမယ့် ဘာစီလိုနာ



The Mirror Daily's photo.


စပိန်လာလီဂါ ရင်ခုန်သံ-၂ဝ

စပိန်လာလီဂါပြိုင်ပွဲရဲ့ ပွဲစဉ် ၂ဝကို လာမယ့်ဇန်နဝါရီလ ၁၆၊ ၁၇၊ ၁၈၊ ၁၉ ရက်နေ့တွေမှာ ဆက်လက်ကျင်းပသွားဖို့ရှိနေပါတယ်။ ဒီပွဲစဉ်မှာ ဆီဗီလာနဲ့မာလာဂါ၊ ဘာစီလိုနာနဲ့ ဘီဘာအိုတို့ကို ဆုံတွေ့တဲ့ပွဲစဉ်တွေပါဝင်နေလို့ အကြိတ်အနယ်ရှိနိုင်ပြီး ရီးယဲလ်မက်ဒရစ်ကတော့ အိမ်ကွင်းမှာဂီဂျွန်ကိုအနိုင်ရယူသွားဖို့ရှိနေပါတယ်။

ရှိုင်းမင်းမင်း

ဆီဗီလာ -မာလာဂါ ည ၉း၃ဝ (၁၆-၁-၁၆)

မာလာဂါက အခုနောက်ပိုင်းပွဲစဉ်တွေမှာ ကစားပုံ ကောင်းမွန်မှုရှိလာပါတယ်။ ဒါပေမယ့် မာလာဂါဟာ အဝေးကွင်းပွဲစဉ်တွေမှာဆိုရင်တော့ ခြေစွမ်းပိုင်း တည်ငြိမ်မှုအားနည်းတတ်ပါတယ်။ ပထမအကျော့တုန်း က ဂိုးမရှိသရေကျခဲ့ရပေမယ့် ဒီပွဲမှာတော့ အိမ်ကွင်း ကစားပုံကောင်းမွန်တဲ့ ဆီဗီလာကပဲ အနိုင်ရမှာပါ။
ဆယ်လ်တာဗီဂို- လီဗန်တေး ည ၁၁း၄၅ (၁၆-၁-၁၆)
ပထမအကျော့အဖြစ်လီဗန်တေးကွင်းမှာကစားခဲ့တုန်းက ဆယ်လ်တာဗီဂိုကသာအနိုင်ရရှိခဲ့ပါတယ်။ လက်ရှိ အချိန်မှာတော့ ဆယ်လ်တာဗီဂိုရဲ့ ခြေဟာတည်ငြိမ်မှု သိပ်မရှိပါဘူး။ ဒါပေမယ့် ဆယ်လ်တာဗီဂိုရဲ့ အိမ်ကွင်း ဖြစ်သလို လီဗန်တေးကလည်း ခြေစွမ်းအားနည်းလွန်းတာ ကြောင့် ဆယ်လ်တာဗီဂိုပဲ အနိုင်ရဦးမှာပါ။

ဗီလာရီးယဲလ် -ဘက်တစ် နံနက် ၂းဝဝ (၁၇-၁-၁၆)

ဘက်တစ်ဟာ ပထမအကျော့တုန်းက အိမ်ကွင်းမှာ ဗီလာရီးယဲလ်ကိုသရေကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဗီလာရီးယဲလ်ခြေကအကောင်းဆုံး ပုံစံမှာရှိနေသလို အိမ်ကွင်းအားနဲ့လည်း ဖိအားပေး သွားဖို့ရှိနေပါတယ်။ ဒါ့အပြင် ဘက်တစ်ခြေကလည်း ကျဆင်းနေတာကြောင့် ဗီလာရီးယဲလ်ကသာ နိုင်ပွဲရယူ မှာပါ။
ဆိုစီဒက် - ဒီပို့တီဗို နံနက် ၃း၃၅ (၁၇-၁-၁၆)
ဆိုစီဒက်ဟာ ပထမအကျော့တုန်းက ဒီပို့တီဗို ကွင်းမှာ နိုင်ပွဲမရခဲ့ဘဲ သရေသာကစားနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီပို့တီဗိုဟာ ခြေစွမ်းပိုင်းကျဆင်း နေပါတယ်။ ဆိုစီဒက်ကတော့ ခြေသာမန်သာရှိပေမယ့် အိမ်ကွင်းအားနဲ့ ဖိအားပေးကစားသွားနိုင်မှာပါ။ အိမ်ကွင်းမှာ ဆိုစီဒက်ကပ်နိုင်သွားမှာပါ။

ဗလင်စီယာ - ဗယ်လက်ကာနို ညနေ ၅း၃ဝ(၁၇-၁-၁၆)

ပထမအကျော့တုန်းက ဗလင်စီယာဟာ အဝေး ကွင်းမှာ အနိုင်မရခဲ့ဘဲ သရေသာကစားနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဗလင်စီယာဟာ အိမ်ကွင်းအားနဲ့ ဖိအားနဲ့ ဖိအားပေးကစားမှာဖြစ်သလို ဗလင်စီယာဟာ အိမ်ကွင်းရှုံးပွဲလည်း မရှိသေးပါဘူး။ ဗယ်လက်ကာနို ခြေကလည်း အားနည်းလို့ ဗလင်စီယာပဲနိုင်မှာပါ။

ရီးယဲလ်မက်ဒရစ် - ဂီဂျွန် ည ၉း၃ဝ (၁၇-၁-၁၆)

ရီးယဲလ်မက်ဒရစ်ခြေကခန့်မှန်းရခက်ပါတယ်။ ဒါပေမယ့် အခုလိုအိမ်ကွင်းပွဲစဉ်မျိုးမှာတော့ ရီးယဲလ်မက်ဒရစ်တို့ အမှားအယွင်းအဖြစ်ခံမှာ မဟုတ်ပါဘူး။ ဂီဂျွန်ဟာ ပထမအကျော့တုန်းက ရီးယဲလ်ကိုသရေကစားနိုင်ခဲ့တာ မှန်ပေမယ့် လက်ရှိအချိန်မှာ ခြေစွမ်းပိုင်းက အားနည်း လွန်းတာကြောင့် ရီးယဲလ်ဂိုးပြတ်အနိုင်ရဖို့ သေချာပါ တယ်။
လက်စ်ပဲလ်မက်စ်-အက်သလက်တီကို ည ၁၁း၄၅ (၁၇-၁-၁၆)
တန်းမဆင်းရဖို့ကြိုးစားရုန်းကန်နေတဲ့ လက်စ်ပဲလ် မက်စ်ရဲ့ ခြေစွမ်းကမဆိုးဘူးလို့ဆိုနိုင်ပါတယ်။ အိမ်ကွင်း လည်းဖြစ်တာကြောင့် ဒီပွဲမှာ အမှတ်ရရှိဖို့အားစိုက်ကစားလာဦးမှာပါ။ အက်သလက်တီကိုကတော့ အသင်း လိုက် ကစားပုံကောင်းပေမယ့် တိုက်စစ်ကဂိုးသွင်းခြေမတည်ငြိမ်ပါဘူး။ အက်သလက်တီကိုကပ်ပြီးပဲနိုင်မယ်။

ဂီတာဖေး - အက်စ်ပန်ညို ည ၁၁း၄၅ (၁၇-၁-၁၆)

ပထမအကျော့တုန်းက အက်စ်ပန်ညိုဟာ ဂီတာဖေးကိုကပ်ပြီး အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိအက်စ် ပန်ညိုရဲ့ခြေကလည်း မဆိုးဘူးလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် အက်စ်ပန်ညိုဟာ အဝေးကွင်းပွဲတွေမှာတော့ ကစားပုံမတည်ငြိမ်တတ်သလို ဂီတာဖေးကလည်း ခြေမဆိုးတာကြောင့် သရေကျဖို့များပါတယ်။

ဘာစီလိုနာ - ဘီဘာအို နံနက် ၂းဝဝ (၁၈-၁-၁၆)

ဘာစီလိုနာဟာ ပထမအကျော့တုန်းက ဘီဘာအိုကို ကပ်ပြီးသာအနိုင်ရခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ဘီဘာအိုခြေကကောင်းမွန်နေသလို ဘာစီလိုနာတို့ မထင် မှတ်ပဲအခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဘာစီလိုနာ ကွင်းဖြစ်ပေမယ့် ဘီဘာအိုရဲ့ခံကစားအားကြောင့် ဘာစီလိုနာ ကပ်ပြီးသာနိုင်မယ်။

အီဘား- ဂရန်နာဒါ နံနက် ၂းဝဝ (၁၉-၁-၁၆)

အီဘားဟာ ပထမအကျော့တုန်းက အဝေးကွင်းမှာ တောင် ဂရန်နာဒါကိုဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ လက်ရှိ အီဘားခြေကလည်း မဆိုးဘူးလို့ဆိုနိုင်သလို အိမ်ကွင်း အားနဲ့လည်း ဖိအားပေးကစားသွားဦးမှာသေချာနေပါတယ်။ ဂရန်နာဒါခြေစွမ်း အနည်းငယ်ကောင်းမွန်လာခဲ့ ပေမယ့် အီဘားပဲနိုင်ပွဲရသွားမှာပါ။

No comments:

Post a Comment