Friday, January 1, 2016

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး




ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေကြမ်းနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြု
==============================================


နေပြည်တော် ဒီဇင်ဘာ ၃၁



ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ် မြောက်ပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင်ကျင်းပရာ လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲသည့် ဥပဒေကြမ်း(၂)ခုအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခြင်း ဆောင်ရွက်သည်။



အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲ သည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေကြမ်းနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ တစ်ပိုဒ် ချင်းစီအလိုက် အတည်ပြုသည်။


ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ယင်းဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည် ပြုခဲ့သည့် အချက်များအပါအဝင် လွှတ်တော်နှစ်ရပ်သဘော ကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများနှင့် အမှတ်စဉ်များကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်များအတိုင်း ပြန်လည်ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးသည်။



ယနေ့အစည်းအဝေးကို မွန်းလွဲ ၂ နာရီ ၂၅ မိနစ် တွင် ရပ်နားလိုက်ပြီး အစည်းအဝေး ၂၄ ရက်မြောက်နေ့ကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပရန်လျာထားကြောင်း သိရသည်။



(သတင်းစဉ်)

No comments:

Post a Comment