Friday, January 1, 2016

ဆောင်းရာသီတွင် မြေအောက်ရေအသုံးပြုကာ ပန်းစိုက်သူများကြောင့် ပန်းဝယ်ရောင်းသည်များ နေ့စဉ်အပိုဝင်ငွေရရှိ




တပ်ကုန်း ဒီဇင်ဘာ ၃၁


နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်း မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဆောင်းရာသီ၌ မြေအောက်ရေကိုအသုံးပြု၍ ပန်းစိုက်ပျိုးသည့် တောင်သူတို့ စိုက်ပျိုးထားသည့် ပန်းများ ဈေးကောင်းရနေကြောင်းသိရပြီး ယခုအချိန်တွင် ပန်းစိုက်တောင်သူများ၏ ပန်းခင်းထဲတွင် လက်ကား ရောင်းချခြင်းအပြင် တပ်ကုန်းမြို့မဈေး၌ လက်လီရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိကာ စီးပွားရေးအတွက် အဆင်ပြေ ကြောင်း တပ်ကုန်းမြို့နယ် ဒဟတ်ကုန်းကျေးရွာမှ မြေအောက်ရေဖြင့် မေမြို့ပန်းစိုက်ပျိုးရောင်းချ သည့် ဒေသခံများထံမှ သိရသည်။


''ကျွန်မတို့ကျေးရွာက တောင်သူတွေ မြေအောက်ရေကိုအသုံးပြုပြီး တစ်ပိုင်တစ်နိုင် ပန်းစိုက်ပျိုးကြတာကြောင့် ရွာထဲက နေ့စား အလုပ်သမားတွေလည်း လုပ်အားခတွေ ရရှိနေကြ သလို ပန်းသည်တွေနဲ့ ပန်းလှူသူအကြိုက်များပြီး ရောင်းအားကောင်းနေတဲ့ မေမြို့ပန်းတစ်မျိုး တည်းကိုသာ စိုက်ပျိုးပါတယ်။ ပန်းဝယ်လှူသူများ ကလည်း မေမြို့ပန်းကို အသုံးများလို့ ပန်းခင်း အလျား တစ်တောင်ကို ကျပ် ၇ဝဝ နဲ့ဝယ်ယူပြီး ပန်းသုံးပင်၊ လေးပင်တစ်စည်းကို ကျပ် ၂ဝဝ နဲ့ ပြန်ရောင်း ချရတာကြောင့် ဝယ်/ရောင်းတွေလည်း နေ့စဉ် အပိုဝင်ငွေရရှိတယ်''ဟု ဒဟတ်ကုန်း ကျေးရွာမှ ပန်းတစ်ဆင့်ခံ ဝယ်ယူရောင်းချသူ မညွှန့်ရွှေက ပြောသည်။

တင်စိုးလွင် (ပြန်/ဆက်)

No comments:

Post a Comment