Sunday, January 31, 2016

ကုန်သွယ်ရေးနှင့် သိပံ္ပဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ပဏာမသဘောတူစာချုပ် ကျူးဘားနှင့် မြောက်ကိုရီးယားလက်မှတ်ရေးထိုး


The Mirror Daily's photo.
ဟာဗားနား ဇန်နဝါရီ ၃ဝ
ကျူးဘားနှင့်မြောက်ကိုရီးယားနိုင်ငံတို့သည် ကုန်သွယ်ရေး၊သိပံ္ပနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ရရှိခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ပဏာမသဘောတူ စာချုပ်နှစ်ခုကို ဇန်နဝါရီ ၂၉ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။
အဆိုပါစာချုပ်အား ကျူးဘားနိုင်ငံ နိုင်ငံခြားကူးသန်း ရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနဝန်ကြီး ရိုဒ်ရိဂိုမယ်လ်မီရာကာနှင့် ကျူးဘားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားနိုင်ငံ သံအမတ် ပတ်ချန်ယူးတို့က လက်မှတ်ရေးထိုးကြသည်။
ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အရ နှစ်နိုင်ငံအကြားကုန်သွယ်မှုများပြုလုပ်ရာတွင် ကုန်ပစ္စည်းချင်း ဖလှယ်သည့်စနစ် ကျင့်သုံးရန် သဘောတူညီထားပြီး ကျူးဘားနိုင်ငံ၏ရထားပို့ဆောင်ရေးသမဂ္ဂနှင့်သကြား ထုတ်လုပ်သည့်လုပ်ငန်းများသို့ ဦးစားပေးထောက်ပံ့ပေး သွားမည်ဖြစ်သည်။
အဆိုပါသဘောတူညီမှုသည် နှစ်နိုင်ငံကြားရှိ ကျန်းမာရေးစောင့်ရှောက်မှု၊ အထက်တန်းပညာရေး၊ ယဉ်ကျေးမှု၊အားကစားနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင် အထောက်အပံ့များရရှိစေမည်ဟု သတင်းတွင် ဖော်ပြသည်။
ကျူးဘားနိုင်ငံနှင့်မြောက်ကိုရီးယားနိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ၁၉၆ဝ ခုနှစ် သြဂုတ် လအတွင်းက ထူထောင်ထားကြပြီး လက်ရှိကာလတွင် ကျွန်းနိုင်ငံဖြစ်သော ကျူးဘားနိုင်ငံနှင့်မြောက်ကိုရီးယား နိုင်ငံတို့သည် ပညာရေး၊ စိုက်ပျိုးရေးနှင့်ကုန်သွယ်ရေး ကဏ္ဍာများ၌ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဆင်ဟွာ။

No comments:

Post a Comment