Sunday, January 31, 2016

ဆီးရီးယားအစိုးရ အဓိကအတိုက်အခံအဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် ဂျီနီဗာမြို့သို့ထွက်ခွာ


The Mirror Daily's photo.=
ရီယာ့ဒ် ဇန်နဝါရီ ၃ဝ
ဆီးရီးယားအစိုးရ အဓိကအတိုက်အခံအဖွဲ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပနေသည့် ဆီးရီးယား အစိုးရနှင့် အတိုက်အခံအဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ရန် ကနဦးတွင် ငြင်းဆန်ခဲ့ သော်လည်း အဖွဲ့ဝင် ၁၇ ဦးက ဆွေးနွေးပွဲသို့တက်ရောက် ရန် ဆွစ်ဇာလန်နိုင်ငံသို့ ဇန်နဝါရီ ၃ဝ နံနက်ပိုင်းက ထွက်ခွာသွားခဲ့ကြောင်း ဒေသန္တရသတင်းမီဒီယာများက ဆိုသည်။
ယင်းအဖွဲ့ဝင် ၁၇ ဦးသည် ဂျီနီဗာမြို့သို့ ဇန်နဝါရီ ၃ဝ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ၄င်းအနေဖြင့် ဇန်နဝါရီ ၃၁ ရက်တွင် ဂျီနီဗာသို့ ထွက်ခွာ မည်ဖြစ်ကြောင်း ဆီးရီးယားအစိုးရ အဓိကအတိုက်အခံ အဖွဲ့၏ ညှိနှိုင်းမှုကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ရီယက်ဒ်ဟိုင်ဂျပ်က ဆိုသည်။
ဆီးရီးယားအစိုးရအဓိကအတိုက်အခံအဖွဲ့သည် ဆီးရီးယားစစ်ပွဲချုပ်ငြိမ်းပပျောက်သွားရန် ဆီးရီးယား အစိုးရအဖွဲ့နှင့် ညှိနှိုင်းမည်ဖြစ်သည်။
ဇန်နဝါရီ ၂၉ ရက်က ဆီးရီးယားအစိုးရအတိုက် အခံညှိနှိုင်းရေးကော်မတီက ၄င်းကော်မတီ၏ ထုတ်ပြန် ကြေညာချက်တွင် ယခုဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးရန် ငြင်းဆိုခဲ့သော်လည်း ကုလသမဂ္ဂအဖွဲ့နှင့် အမေရိကန်နိုင်ငံတို့ဘက်မှ အသက်အာမခံချက်များ ရရှိပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ပထမဆုံးအကြိမ်ဆွေးနွေးပွဲသည် ဖေဖော်ဝါရီ ၁၁ ရက်ထိကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment