Thursday, January 14, 2016

ဖိလစ်ပိုင်နိုင်ငံ၏ စစ်စခန်းရှစ်ခု အမေရိကန်ကို ကမ်းလှမ်း


The Mirror Daily's photo.
မနီလာ ဇန်နဝါရီ ၁၃
လုံခြုံရေးဆိုင်ရာ သဘောတူညီ ချက်အသစ်အရ စစ်ပစ္စည်းကိရိယာများနှင့် ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်နိုင်ရေးအတွက် အဆောက်အအုံများ တည်ဆောက်နိုင်ရန် ဖိလစ်ပိုင်နိုင်ငံက အမေရိကန် ပြည်ထောင်စုအား စစ်စခန်းရှစ်ခုကို ကမ်းလှမ်းလိုက်ကြောင်း ဖိလစ်ပိုင် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားသည်။
တောင်တရုတ်ပင်လယ်အတွင်း ကျွန်းစုများ ပိုင်ဆိုင်မှုအရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံအကြား တင်းမာမှုများ ဖြစ်ပေါ်နေချိန်တွင် အထက်ပါအတိုင်း ကမ်းလှမ်းခြင်းဖြစ်သည်။
စစ်လေယာဉ်ကွင်းငါးခု၊ ရေတပ် စခန်းနှစ်ခုနှင့် တောတွင်းစစ်ရေး လေ့ကျင့်ရေးစခန်းတို့ကို အသုံးပြုခွင့် ပေးရေးနှင့်ပတ်သက်၍ လပေါင်းအတန်ကြာမျှ မိမိတို့ဆွေးနွေးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။
ရိုက်တာ။

No comments:

Post a Comment