Thursday, January 14, 2016

ဝေါဒစ္စနေးလန်းအပန်းဖြေစခန်း တရုတ်နိုင်ငံ ရှန်ဟိုင်း၌ ဖွင့်မည်


The Mirror Daily's photo.
ရှန်ဟိုင်း ဇန်နဝါရီ ၁၃
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ တည်ဆောက်နေသော ဝေါဒစ္စနေးလန်း အပန်းဖြေစခန်းကို ဇွန် ၁၆ ရက်တွင် တရားဝင်ဖွင့်လှစ်မည်ဖြစ်ကြောင်း နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ဇန်နဝါရီ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံ ကုန်းမကြီးတွင် ဒစ္စနေးလန်း အပန်းဖြေ စခန်းတည်ဆောက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ လောလောဆယ်တွင် ဟောင်ကောင်ကျွန်း၌ ဒစ္စနေးလန်း အပန်းဖြေစခန်းတည်ရှိသည်။
ရှန်ဟိုင်း၌ တည်ဆောက်နေသော ဒစ္စနေးလန်း အပန်းဖြေစခန်း၌ ဖျော်ဖြေရေးရပ်ကွက်တစ်ခု၊ ဟိုတယ် နှစ်လုံး၊ အပန်းဖြေနိုင်သော အဆောက်အအုံများ၊ ရေအိုင် တစ်အိုင်၊ ပန်းဥယျာဉ်နှင့်သယ်ယူပို့ဆောင်ရေးဆိုင်ရာ နေရာဌာနများ ပါဝင်သည်။
ရှန်ဟိုင်းမြို့ ဖူတုန်းမြို့သစ်၌ ၉၆၃ ဧက ကျယ်ဝန်းသော မြေနေရာတွင် တည်ဆောက်လျက်ရှိပြီး ဟောင်ကောင် ဒစ္စနေးလန်းဥယျာဉ် အရွယ်အစားထက် နှစ်ဆ ပိုမိုကြီးမားသည်။
ဒစ္စနေးလန်းအပန်းဖြေစခန်းကို ဖွင့်လှစ်ခြင်းဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများဗဟိုချက်ပြုရာ ရှန်ဟိုင်းမြို့၌ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေး နိုင်မည်ဖြစ်ကြောင်း ဝေါဒစ္စနေးကုမ္ပဏီနှင့် ရှန်ဟိုင်းရှန်ဒီ အုပ်စုတို့၏ ပူးတွဲကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။
အဆိုပါအပန်းဖြေစခန်းကို ယွမ်ငွေ ၃၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံခန့်) ရင်းနှီး မြှုပ်နှံကာ ၂ဝ၁၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။
ဆင်ဟွာ။

No comments:

Post a Comment