Monday, January 11, 2016

ဒုက္ခသည်ဆန့်ကျင်ရေး အကြမ်းဖက်ဆန္ဒပြသူများကို ဂျာမန်ရဲများနှိမ်နင်း



Myanmaalinn's photo.
ဘာလင် ဇန်နဝါရီ ၁ဝ

နှစ်သစ်ကူးညက ဂျာမနီတွင် အမျိုးသမီးများကိုပစ်မှတ်ထားတိုက်ခိုက်ခံရသည့်အတွက် ဂျာမနီနိုင်ငံ အနောက်ပိုင်းရှိ ကိုလိုဂျင်မြို့တွင် စနေနေ့က လူပေါင်းများစွာ ဆန္ဒပြခဲ့ ကြပြီး ရဲများကို ကျောက်တုံးများ၊ ပုလင်းများ၊ မီးရှူးများနှင့်ပစ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များက မီးသတ် ပိုက်များနှင့် မျက်ရည်ယိုဗုံးများကို အသုံးပြု၍ လူစုခွဲခဲ့ရသည်။
အဆိုပါ ပဋိပက္ခအတွင်း ရဲ တပ်ဖွဲ့ဝင်သုံးဦးနှင့် သတင်းစာဆရာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ရဲဌာနမှ သိရသည်။ ဆန္ဒပြသူ ၁၇ဝဝ အနက် ၅ဝဝ မှာ အရှေ့အလယ်ပိုင်း မှ ပြောင်းရွှေ့အခြေချနေထိုင်သူများကို ဆန့်ကျင်သည့် ပီဂျီဒါအဖွဲ့အစည်း ကို ထောက်ခံသည့်သူများဖြစ်သည် ဟု ရဲများကပြောသည်။ လူ ၁၅ ဦးကို ဖမ်းဆီးထားပြီး ရဲများက ဗီဒီယို ရိုက်ကူးထားသည့်အပေါ် အခြေခံ၍ ဖမ်းဆီးမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။
ဆန္ဒပြသူများသည် နှစ်သစ်ကူး ညက အမျိုးသား ၁ဝဝဝ ဝန်းကျင်က အမျိုးသမီးများကို အဓိကပစ်မှတ် ထား၍ လုယက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ဆန္ဒပြကြ ခြင်းဖြစ်သည်။
အဆိုပါညက အမျိုးသမီး ၁၇ဝ ထက်မနည်း နှောင့်ယှက် တိုက်ခိုက် ခြင်း ခံရသည်။
ဂျာမန်ရဲစုံထောက်အဖွဲ့မှ ၃၂ မှုကို စုံစမ်းထောက်လှမ်းခဲ့ပြီး သံသယ ရှိသူ ၃၁ ဦးကို အမည်ဖော်ထုတ် နိုင်ခဲ့ကြောင်း ဂျာမန်မီဒီယာတစ်ခုက သောကြာနေ့တွင် ပြောသည်။သံသယရှိသူများထဲမှ သုံးပုံနှစ်ပုံ မှာ စစ်ဘေးဒုက္ခကြောင့် ခိုလှုံခွင့်ပေး ထားသူများဖြစ်သည်ဟု ဂျာမန် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

(ဆင်ဟွာ)

No comments:

Post a Comment