Friday, January 1, 2016

အီရန်တိုက်ချင်းပစ်ဒုံးပျံ စမ်းသပ်မှုအတွက် အမေရိကန်အရေးယူပိတ်ဆို့မှု အသစ်ပြုလုပ်ရန်စီစဉ်



Myanmaalinn's photo.
ဝါရှင်တန် ဒီဇင်ဘာ ၃၁

အီရန်တိုက်ချင်းပစ် ဒုံးပျံအစီ အစဉ်အပေါ် နိုင်ငံတကာကုမ္ပဏီ များနှင့် တစ်သီးပုဂ္ဂလတို့အား အရေးယူပိတ်ဆို့မှုအသစ် ချမှတ် ဆောင်ရွက်ရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမားအစိုးရက ပြင်ဆင် နေကြောင်း အစိုးရသတင်းရပ်ကွက် များက ဗုဒ္ဓဟူးနေ့တွင် ပြောကြား လိုက်သည်။
အဆိုပါ အီရန်တိုက်ချင်းပစ်ဒုံးပျံ ဖွံ့ဖြိုးရေး အဓိကသံသယရှိမှုများ အတွက် အီရန်၊ ဟောင်ကောင်နှင့် ယူအေအီးနိုင်ငံတို့ရှိ ကုမ္ပဏီ ၁၂ ခု နှင့် တစ်သီးပုဂ္ဂလပါဝင်ပတ်သက် သူများအား အရေးယူဖွယ်ရှိကြောင်း ဝေါစထရိဂျာနယ်က စောစောပိုင်း တွင် ဖော်ပြသည်။
အီရန်နှင့်ဝါရှင်တန်အပါအဝင် အင်အားကြီး ခြောက်နိုင်ငံအကြား ဇူလိုင်လနျူကလီးယားသဘောတူညီ ချက်အရ အီရန်နိုင်ငံအား နျူကလီး ယားနည်းပညာ ကူညီပေးခဲ့သော ကုမ္ပဏီအဖွဲ့အစည်းများအား အမည် ပျက်စာရင်းသွင်းရမည် ဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများ၏ ပြော ကြားချက်ကို အဆိုပါဂျာနယ်က ဖော်ပြသည်။
အီရန်ခေါင်းဆောင် အယာတို လာခါမေနီအနေဖြင့် ယင်းကဲ့သို့ အရေးယူမှု ဆောင်ရွက်ခြင်းသည်နျူကလီးယားသဘောတူညီချက်ကို ချိုးဖောက်သည်ဟု ရှုမြင်ထားကြောင်း အီရန်တာဝန်ရှိသူများက ဆိုသည်။

(ရိုက်တာ)

No comments:

Post a Comment