Friday, January 1, 2016

ပင်လယ်ပြင်ဖြတ် ဒုက္ခသည်တစ်သန်းကျော် ၂၀၁၅ ခုနှစ်အတွင်း ဥရောပသို့ဝင်ရောက်ခဲ့



Myanmaalinn's photo.
ကုလသမဂ္ဂ ဒီဇင်ဘာ ၃၁

ဒုက္ခသည်နှင့်ရွှေ့ပြောင်းနေထိုင်သူ တစ်သန်းကျော်တို့သည် ၂ဝ၁၅ ခုနှစ်အတွင်း ပင်လယ်ဖြတ်ကျော်၍ ဥရောပ သို့ထွက်ပြေးဝင်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (ယူအင်န်အိတ်ခ်ျစီအာ)က ဗုဒ္ဓဟူး နေ့တွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သည်။
ယခုနှစ်အတွင်း လူပေါင်း ၁ဝဝဝ၅၇၃ဦးသည် မြေထဲပင်လယ်ကိုဖြတ်ကာ ဥရောပသို့ဝင်ရောက်ခဲ့ကြောင်း၊ အဓိကအားဖြင့် ဂရိ၊ အီတလီနိုင်ငံသို့ဝင်ရောက်ခဲ့ကာ ဥရောပသို့ဝင်ရောက်မှု၏ ၈၄ ရာခိုင်နှုန်းရှိကြောင်း ယူအင်န် အိတ်ခ်ျစီအာမှ နောက်ဆုံးထုတ်ပြန်ထားသော စာရင်းဇယားများတွင် ဖော်ပြထားသည်။
မြေထဲပင်လယ်ကို ဖြတ်လာသူထက်ဝက်ခန့်သည် ဆီးရီးယားစစ်ပွဲမှ ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ ယင်းတို့တွင် အာဖဂန်မှ ၂ဝ ရာခိုင်နှုန်း၊ အီရတ်မှ ခုနစ်ရာခိုင်နှုန်းရှိကြောင်း အဆိုပါအေဂျင်စီကပြောသည်။
''ပိုမိုကောင်းမွန်တဲ့ ဘဝမျှော်မှန်းချက်နဲ့အတူ လူပေါင်းတစ်သန်းကျော် ဥရောပကမ်းခြေတွေမှာ ခြေချနိုင်ခဲ့ ကြပါတယ်''ဟု ဥရောပဆိုင်ရာ ယူအင်န်အိတ်ခ်ျစီအာညွှန်ကြားရေးမှူး ဗင်ဆင့်ကိုချီတဲလ်က ပြောသည်။

(ဆင်ဟွာ)

No comments:

Post a Comment