Saturday, January 2, 2016

ခရမ်းချဉ်တောင်သူများ ယခုနှစ်တွင် အရှုံးခံကာ ရောင်းချနေ


The Mirror Daily's photo.
နွားထိုးကြီး ဇန်နဝါရီ ၁
နွားထိုးကြီးမြို့နယ်တွင် ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၁ဝဝ၊ ၂ဝဝ၊ ၃ဝဝ အထိ ဖြစ်
နေ၍ အလုပ်သမားစရိတ်၊ ကားစရိတ်ပင်မကျေကြောင်း ယင်းမြို့နယ်အတွင်းရှိ ခရမ်းချဉ်စိုက်တောင်သူများ အရှုံးပေါ်နေကြောင်း သိရသည်။
''ခရမ်းချဉ်သီးက မခူးမဖြစ်တော့လို့ ခူးရ ခြင်းဖြစ်ပါတယ်။ အလုပ်သမားငှားခက ကျပ် ၂ဝဝဝ၊ ကျပ် ၂၅ဝဝ ပင် မရချင်ဘူး။ ဒီနှစ် ခရမ်းချဉ်သီးဈေးကွက်က တော်တော်လေး အရှုံးပေါ်နေကြတယ်''ဟု ခရမ်းချဉ် စိုက်ပျိုး သူ တောင်သူတစ်ဦးက ပြောသည်။
ယင်းမြို့နယ်တွင် ကာလအတန်ကြာအောင် ခရမ်းချဉ်သီး ကျပ် ၁ဝဝဝ၊ ကျပ် ၁၅ဝဝ ဈေးအောက်မကျသော အညာခရမ်းချဉ်သီးမှာ ဗမာသီး၊ ရှမ်းသီးအပါအဝင် ထိုင်ဝမ်သီးများပါမကျန် အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
''နောက်ပြီး ဒီနယ်ကနေ မုံရွာကို ကား တင်ပို့လိုက်ရင်လည်း ဝယ်ယူမယ့်ပွဲရုံ မရှိ သလောက်ပါပဲ'' ဟု ခရမ်းချဉ်သီးရောင်းချသူတစ်ဦးက ပြောသည်။
နွားထိုးကြီးနယ်တွင် ဗမာသီး၊ ရှမ်းသီး ခရမ်းချဉ်သီးစိုက်ဧက ၄ဝဝဝ ခန့်ရှိပြီး ရာသီအလိုက် စိုက်နေရာမှ ယခုဆောင်းသီးနှံ မှာအရှုံးပေါ်နေခြင်းဖြစ်သည်။
ခင်ဇာမွန်မြင့်(ဥပဒေ)

No comments:

Post a Comment