Saturday, January 2, 2016

ရေဂါလန် ၁၂ဝဝဝ ဆံ့ ရေစင်တည်ဆောက်ပြီးစီး၍ နေ့စဉ်ရေပေးဝေနိုင်တော့မည်


The Mirror Daily's photo.
မိတ္ထီလာ ဇန်နဝါရီ ၁
မိတ္ထီလာမြို့နယ် ရန်မျိုးအောင်ရပ်ကွက်အား နေ့စဉ်ရေပေးဝေနိုင်ရေး
အတွက် ကျီးတော်ကုန်းသင်္ချိုင်းဟောင်းနေရာတွင် တစ်နာရီလျှင် ရေဂါလန် ၇ဝဝဝ ထွက်ရှိသည့် ၁ဝ လက်မ အကျယ်၊ အနက်ပေ ၄၅ဝ ရှိသည့် အဝီစိ
တွင်းနှစ်တွင်းအား တူးဖော်ပြီး အ-ထ-က(၂)ကျောင်းကုန်းပေါ်၌ သံကူကွန် ကရစ်ဖြင့် အမြင့် ပေ ၅ဝ ရှိ ရေဂါလန် ၁၂ဝဝဝ ဆံ့ ရေစင်ကြီးကို ၂ဝ၁၅-၂ဝ၁၆
ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်
သာယာရေအဖွဲ့တို့မှ ကြီးကြပ်ကာ မိုးပြည့်ထွန်းကုမ္ပဏီက တာဝန်ယူတည် ဆောက်လျက်ရှိ၍ ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး စီးဖြစ်သည်။
ရေစင်တည်ဆောက်ပြီးစီး၍ ရပ်ကွက်အတွင်းရှိ ရေပေးဝေနိုင်ရေးအတွက် ရေပိုက်များ သွယ်တန်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ရေပေးဝေခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်
ရွက်သွားမည်ဖြစ်သည်။
ယခင်က ရပ်ကွက်အတွင်း၌ ရေပေးဝေခြင်းလုပ်ငန်းကို ငါးရက်မှ တစ်ကြိမ်
ရေပေးဝေလျက်ရှိရာမှ ရေပိုက်များ သွယ်တန်းတပ်ဆင်ပြီးစီးပါက နေ့စဉ်ရေ
ပေးဝေသွားမည်ဖြစ်ကြောင်း စည်ပင်သာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးအောင်
နိုင်ဦးက ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)

No comments:

Post a Comment