Sunday, January 31, 2016

ချမ်းမြသာစည်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉ဝဝဝ ကျော် သိမ်းဆည်းရမိ


The Mirror Daily's photo.
နေပြည်တော် ဇန်နဝါရီ ၃ဝ
မူးယစ်တပ်ဖွဲ့စု(၁၈) မန္တလေး (တောင်ပိုင်း)နှင့် နယ်မြေခံ ရဲတပ်ဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၆ ရက်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံသာယာ ရပ်ကွက် ၅၈ လမ်းနှင့် နှင်းဆီလမ်း ထောင့်ရှိ မိသားစုလက်ဖက်ရည်ဆိုင်သို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူ စိုင်းအာကာကောင်း (ခ)အားကိုအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၁ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက် ဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ် ကံသာယာ ရပ်ကွက် ၅၆×၅၇ လမ်းကြား၊A လမ်းနှင့် B လမ်းကြားနေ စိန်ဝင်း၏ နေအိမ်ကို ရှာဖွေရာ နေအိမ်တွင် ၄င်းနှင့်အတူ မနေနွယ်လင်း၊ မသန္တာလှိုင်တို့ သုံးဦးအား တွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၅၁၉ ပြား၊ ငွေ ကျပ်တစ်သိန်းကျော်နှင့် လက်ကိုင်ဖုန်း သုံးလုံးတို့ကို သိမ်းဆည်းရမိသဖြင့် စိုင်းအာကာကောင်း(ခ)အားကို (၂၃)နှစ်၊ စိန်ဝင်း (၄၂)နှစ်၊ မနေနွယ်လင်း (၃၃)နှစ်နှင့် မသန္တာလှိုင် (၂၃)နှစ် တို့ လေးဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)

No comments:

Post a Comment