Sunday, January 31, 2016

အမှတ်(၁၃၂) အစုန် လားရှိုး-မန္တလေးရထားပေါ်တွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ


The Mirror Daily's photo.
နေပြည်တော် ဇန်နဝါရီ ၃ဝ
အမှတ်(၁၃၂) အစုန် လားရှိုး-မန္တလေးရထားသည် ဇန်နဝါရီ ၂၇ ရက် နံနက် ၁၁ နာရီ မိနစ် ၄ဝ တွင် ကျောက်မဲဘူတာသို့ဆိုက်ရောက်စဉ် ရထား ရဲတပ်ဖွဲ့က ရထားပေါ်သို့ တက်ရောက်၍ ရှာဖွေစစ်ဆေးခဲ့ရာ ရိုးရိုးတန်း တွဲအမှတ် (၂) တွင် KQ တံဆိပ်ပါ တရုတ်စောင် နှစ်ထုပ်အား မသင်္ကာဖွယ်ရာ တွေ့ရှိစစ်ဆေးရာ ရောင်စုံဆပ်ပြာခွက် (၈၈)ခွက် အတွင်းမှ ဘိန်းဖြူ ၈၈ဝ ဂရမ်၊ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြားနှင့် (၈၈)စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၄၄ဝဝဝ တို့အား သိမ်းဆည်းရမိသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒုရဲအုပ်အောင်ဘိုဘိုဦးမှ သက်သေခံ ပစ္စည်းများအား သက်သေများရှေ့ ရှာဖွေပုံစံဖြင့် စနစ်တကျ ရေးသွင်း သိမ်းဆည်းပြီး တရားခံဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် နယ်မြေခံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ ရဲတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်းစုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။
(ကြေးမုံ)

No comments:

Post a Comment