Thursday, January 14, 2016

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ပြည်တွင်းသွားအပျော်စီးသင်္ဘောဖြင့် လည်ပတ်


The Mirror Daily's photo.
နေပြည်တော် ဇန်နဝါရီ ၁၃
မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကြောင့် ကမ္ဘာ့နိုင်ငံများအကြားတွင် အသိအမှတ် ပြုခြင်း၊ စိတ်ဝင်တစားအလေးထားခြင်းများ ရှိလာသည်။ ခရီးသွားလုပ်ငန်းနယ်ပယ်တွင်လည်း နိုင်ငံခြားသားခရီးသွားများအတွက် ထင်ရှားလာလျက်ရှိခြင်းကြောင့် အပြည်ပြည် ဆိုင်ရာလေကြောင်း၊ ရေကြောင်းလိုင်းများ သာမက နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များမှ တစ်ဆင့် မော်တော်ယာဉ်တန်း၊ ဆိုင်ကယ် ယာဉ်တန်း၊ စက်ဘီးယာဉ်တန်းခရီးစဉ်များ၊ စက်တပ်ရွက်လှေခရီးစဉ်များ၊ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း ခရီးစဉ်များဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လေ့လာ လည်ပတ်လျက်ရှိသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ကြီးကြပ်မှု၊ ခရီးသွားကုမ္ပဏီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ပြည်တွင်းသွား အပျော်စီးင်္ဘောများဖြင့် ခရီးစဉ်များကို သွားရောက် လည်ပတ်လျက်ရှိသည်။ Royal Voyage Co.,Ltd.၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဗြိတိန် နိုင်ငံသား ကိုးဦးပါဝင်သော အဖွဲ့သည် ၂ဝ၁၅ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ ၂၆ ရက်အထိ လည်းကောင်း၊ အခြားဗြိတိန်နိုင်ငံသား ကိုးဦးပါဝင်သော ဒုတိယအဖွဲ့သည် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ၂၆ ရက်မှ ဇန်နဝါရီ ၂ ရက် အထိလည်းကောင်း RV Kalay Pandaw အပျော်စီးရေယာဉ်ဖြင့် မုံရွာ-ရွှေစာရေးဝဲ-ကန်နီ- မောက်ကတော်- ကန်ရွာ- ကြည် တောင်ဦးရွာ- မင်းကင်း- ကလေးဝ -ဂဇက် ရွာ- မစိန်ရွာ- မော်လိုက်- ပျားစွဲဆင်စခန်း-ကလေးဝ- ကလေးမြို့များသို့ သွားရောက်လည် ပတ်ကြသည်။
ယင်းသို့လည်ပတ်ကာ ချင်းတွင်းမြစ် ကြောင်းတစ်လျှောက် ရှုခင်းအလှများ ခံစား ရင်း ဆိုက်ကပ်ရပ်နားသည့် မြို့၊ ရွာများသို့ ဝင်ရောက်၍ ဒေသခံများ၏ လူနေမှုဓလေ့ စရိုက်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment