Friday, January 1, 2016

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် မစ္စရီနားတား ဒီဆီလီယန်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ




The Mirror Daily's photo.


နေပြည်တော် ဒီဇင်ဘာ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် မစ္စရီနားတား ဒီဆီလီယန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အထွေထွေရွေးကောက်ပွဲကိစ္စရပ်များ၊ ဖွံ့ဖြိုးမှုအကူအညီများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဒေါက်တာ စန်းလွင်နှင့် တာဝန်ရှိသူများတက်ရောက်သည်။
(သတင်းစဉ်)

No comments:

Post a Comment