Friday, January 1, 2016

ဒုတိယမြောက်လေယာဉ်တင်သင်္ဘောကြီး တရုတ်နိုင်ငံ၌ တည်ဆောက်လျက်ရှိ



The Mirror Daily's photo.


ပေကျင်း ဒီဇင်ဘာ ၃၁

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် တလျံမြို့၌ ပြည်တွင်း နည်းပညာဖြင့် ဒုတိယမြောက်လေယာဉ်တင်သင်္ဘောတစ်စင်းကို တည်ဆောက်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်ဟု ဒီဇင်ဘာ ၃၁ ရက် ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

တန်ချိန် ၅ဝဝဝဝ ရှိလေယာဉ်တင်သင်္ဘောကြီးသည် ဂျေ-၁၅ တိုက်လေယာဉ်များ နှင့် အခြားအမျိုးအစားလေယာဉ်များအတွက် အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြု နိုင်မည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ယွင်းက လစဉ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ လေယာဉ်တင်သင်္ဘောမှ ပျံတက်မည့် လေယာဉ်များသည် မတ်စောက်သော ပြေးလမ်းကို အသုံးပြုကာ ပျံတက်ရမည်ဟု ၎င်းက ပြောကြားသည်။

တရုတ်ရေတပ်တွင် လေ့ကျင့်ရေးနှင့် သုတေသနလုပ်ငန်းအတွက်အသုံးပြုနေသည့် ပထမဆုံးသော လေယာဉ်တင်သင်္ဘောကြီး လျောင်နင်း၏ အတွေ့အကြုံများကို အခြေခံကာ ဒုတိယမြောက်လေယာဉ်တင်သင်္ဘောကို ပုံစံထုတ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တရုတ်၏ ပထမဆုံးသောလေယာဉ်တင်သင်္ဘောကြီးကို ရုရှားနိုင်ငံက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံတွင် ပြန်လည်၍ မွမ်းမံပြင်ဆင်ခြင်းနှင့် စက်ကိရိယာများ တပ်ဆင်ခြင်းတို့ပြုလုပ်ခဲ့သည်။ ယင်းလေယာဉ်တင်သင်္ဘောကို ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် လက်ခံရရှိခဲ့သည်။
ဆင်ဟွာ။

No comments:

Post a Comment