Friday, January 1, 2016

ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှုများ ဆွေးနွေး




The Mirror Daily's photo.


နေပြည်တော် ဒီဇင်ဘာ ၃၁

ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် အမေရိကန်ကွန်ဂရက် အထက်လွှတ်တော်အမတ် မစ္စတာ သောမတ်စ်ကော်တွန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ တွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး ပိုမို ပူးပေါင်းဆောင်ရွက်နိုင်မှု၊ တရားမျှတ၍ လွတ်လပ်သော ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့မှု၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်း လဲရေးဆောင်ရွက်နေမှုများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဦးဟံစိန်နှင့် မြန်မာနိုင်ငံတော်ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်တို့ တက်ရောက် ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment