တိုကျို ဇန်နဝါရီ ၂၉
မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်ရန် ပြင်ဆင်ထားခြင်းအပေါ် ဂျပန်နိုင်ငံအနေဖြင့် ၄င်း၏တပ်ကို အသင့်ပြင်ထားရန် သတိပေးပြော ကြားလိုက်သည်။
''မြောက်ကိုရီးယားရဲ့ ဒုံးကျည် ဟာ လာမယ့်သီတင်းပတ်များအတွင်း စမ်းသပ်ပစ်လွှတ်ဖွယ်ရှိနေပါတယ်''ဟု ဂျပန်သတင်းရပ်ကွက်တစ်ခုသို့ ပြောသည်။
မြောက်ကိုရီးယား၏ လေးကြိမ် မြောက် ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်ပြီး နောက် အရှေ့အာရှတွင် တင်းမာမှု များမြင့်တက်လာပြီး မြောက်ကိုရီး ယားအနေဖြင့် ၄င်း၏ ဒုံးကျည်များ တွင် နျူကလီးယား ထိပ်ဖူးများတပ် ဆင်ရန် စီစဉ်ခြင်းအပေါ် စိုးရိမ်ပူပန် မှုများ မြင့်တက်လာပြီးမကြာမီ ဒုံးပျံစမ်းသပ်မှုပြုလုပ် ခဲ့သည်။
ယင်းဒုံးကျည်သည် ပြိုင်ဘက် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ရုံသာမက အမေရိကန်အနောက်ဘက် ကမ်းရိုး တန်းများအထိ ပစ်ခတ်တိုက်ခိုက်နိုင် သည်ဟု ဆိုသည်။
အဆိုပါမှတ်ချက်အပေါ် အတည် မပြုနိုင်သေးကြောင်း ဂျပန်ကာကွယ် ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောသည်။
ထိုအတောအတွင်း ဂျပန်ကာကွယ် ရေးဝန်ကြီး ဗိုလ်ချုပ်နာကာတာနီက ဂျပန်သို့ဦးတည်လာနိုင်သော မြောက် ကိုရီးယားဒုံးကျည်များကို ပစ်မှတ် ထားတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေ စေရန် အေဂျီးဒုံးခွင်းဒုံးများ ဂျပန် ပင်လယ်တွင် ဖြန့်ကြက်ရန် အမိန့် ထုတ်ပြန်ထားသည်။
(ရိုက်တာ)
No comments:
Post a Comment