Sunday, January 31, 2016

ယခု ၂၃၀ ကေဗွီ ပုသိမ်(ကန်ကြီးထောင့်)ပင်မဓာတ်အားခွဲရုံ တည်ဆောက်နိုင်ခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၇၃၉ ရွာဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီ



 
 

ရန်ကုန်   ဇန်နဝါရီ   ၃ဝ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဦးရဲထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်အောင်ကျော်ဇော၊ ဒုတိယဝန်ကြီး ဦးခင်ဇော်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တပ်မတော်အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြ ပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တေဇကျော်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည်    ပုသိမ်မြို့မှ  မော်တော် ယာဉ်များဖြင့်       ထွက်ခွာကြရာ ကန်ကြီးထောင့်မြို့သို့  ရောက်ရှိပြီး ၂၃ဝ ကေဗွီ ပုသိမ်(ကန်ကြီးထောင့်) ပင်မဓာတ်အားခွဲရုံ   ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက  ဆန်စပါး စိုက်ပျိုးရေး  ကောင်းမွန်မှုကြောင့် စီးပွားရေးဖွံ့ဖြိုးလျက်ရှိသည့် ဧရာ ဝတီတိုင်းဒေသကြီးတွင်  ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ဆပွားတိုးတက် စေရန်၊  စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်   ဒေသခံ ပြည်သူများ၏ လူနေမှုဘဝ မြင့်မား တိုးတက်စေရန်အတွက် နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်မှုဖြင့်  ပုသိမ် ၂၃ဝ ကေဗွီ ပင်မဓာတ်အားခွဲရုံကို ဖွင့်လှစ်ပြီး   ဓာတ်အားများ  ပိုမို ဖြန့်ဖြူးပေးနိုင်တော့မည်   ဖြစ်ပါ ကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုသမိုင်း တွင်  မြန်အောင်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ပထမအဆင့်ကို ၁၉၇၅ ခုနှစ်တွင်   လည်းကောင်း၊ ဒုတိယအဆင့်ကို ၁၉၈၄ ခုနှစ်တွင် လည်းကောင်း   တည်ဆောက်ခဲ့ပါ ကြောင်း၊ ထိုစဉ်ကာလက ဧရာဝတီ တိုင်းဒေသကြီးတစ်ခုလုံးတွင် လျှပ်စစ် ဓာတ်အား  ၁၄ မဂ္ဂါဝပ်ခန့်သာ သုံးစွဲ နိုင်ခဲ့ကြောင်း၊   ၂ဝဝ၆ ခုနှစ်တွင် ရန်ကုန်-လှိုင်သာယာမှ  အသုတ်မြို့ ကို ၂၃ဝ ကေဗွီ   ဓာတ်အားလိုင်း တည်ဆောက်ခဲ့ပြီး တိုးချဲ့ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့သည့်အတွက် ၂ဝ၁ဝ ပြည့်နှစ်တွင်  ဧရာဝတီတိုင်းဒေသ ကြီး၏ ဓာတ်အားသုံးစွဲမှုမှာ မဂ္ဂါဝပ် ၆ဝ ရှိရာမှ တဖြည်းဖြည်း ဓာတ်အား တိုးတက် သုံးစွဲလာမှုကြောင့် ၂ဝ၁၅ ခုနှစ်တွင် မဂ္ဂါဝပ် ၉ဝ ကျော်ရှိလာပြီ    ဖြစ်ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအတွင်း တိုးတက်သုံးစွဲလာသည့် ဓာတ်အား လိုအပ်ချက်ကို  အသုတ်ဓာတ်အား ခွဲရုံတစ်ရုံတည်းဖြင့်    မလုံလောက် သည့်အတွက် အသုတ်-ပုသိမ် ၂၃ဝ ကေဗွီ ဓာတ်အားလိုင်းနှင့် ယခု ၂၃ဝ ကေဗွီ ပုသိမ် (ကန်ကြီးထောင့်) ပင်မ ဓာတ်အားခွဲရုံကို  နိုင်ငံခြားငွေ ယူရို ၁၂ ဒသမ ၈၅၃ သန်း၊ မြန်မာငွေ ကျပ်သန်းပေါင်း   ၅ ဒသမ ၃၅ဝ အကုန်ကျခံ   တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ထို့ပြင် ပုသိမ်မှ ငပုတော၊ ငရုတ် ကောင်း၊  ငပြေမဒေသများကိုလည်း ၆၆ ကေဗွီ   ဓာတ်အားလိုင်းများ တိုးချဲ့   တည်ဆောက်ပေးခဲ့သဖြင့် ငရုတ်ကောင်းတောင်၊ ကျုံကူး၊  ရဲ ခေါင်ကြီးတောင်၊ ရေကျော်၊ ရေတွင်း ကုန်း၊ ပျဉ်းမကွင်း၊ ငပြေမ၊ ငပြေ မအပေါ်စု၊ ငပြေမအောက်စု၊ ကမ်း နားစုစသည့်  ကျေးရွာများကိုလည်း ထပ်မံဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ သဖြင့်    ဧရာဝတီတိုင်းဒေသကြီး အတွင်း ကျေးရွာပေါင်း ၇၃၉ ရွာကို ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတကြီး၏ လမ်း ညွှန်ချက်အရ  ဧရာဝတီတိုင်းဒေသ ကြီး အရှေ့ခြမ်းကို ဓာတ်အားပြည့်ဝ တည်ငြိမ်စွာ   ဖြန့်ဖြူးပေးနိုင်ရေး အတွက် လှိုင်သာယာ-ကျိုက်လတ် ၂၃ဝ ကေဗွီ   ဓာတ်အားလိုင်းနှင့် ကျိုက်လတ် ၂၃ဝ ကေဗွီ၊ ၁ဝဝ အမ်ဗွီ အေ ဓာတ်အားခွဲရုံတို့ကိုလည်း တည် ဆောက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွား ရေး ပြောင်းလဲကျင့်သုံးခဲ့ရာ လျှပ်စစ် ဓာတ်အားလိုအပ်ချက်  အဆမတန် မြင့်မားလာသည့်   အခြေအနေနှင့် လျှပ်စစ်ဝန်ကြီးဌာန၏   ကြိုးပမ်း ဆောင်ရွက်ချက်များဖြစ်ပါကြောင်း။
၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် နိုင်ငံ တစ်ဝန်း ဓာတ်အားပေးစက်ရုံများမှ တစ်ဆင့် ရေအား ၃၁၈၅ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့  ၁၈၂၉  မဂ္ဂါဝပ်၊ ကျောက်မီးသွေး မဂ္ဂါဝပ် ၁၂ဝ၊ ဒီဇယ် ၁ဝ၁ မဂ္ဂါဝပ်တို့ဖြင့် စုစုပေါင်း စက် တပ်ဆင်အင်အား  ၅၂၃၅  မဂ္ဂါဝပ် ရရှိလာမည်ဖြစ်ပါကြောင်း၊ ၂ဝ၁ဝ-၂ဝ၁၁  ခုနှစ်ကာလတွင်   ၃၄၁၃ မဂ္ဂါဝပ်သာရှိသည့်အတွက် ၁၈၂၂ မဂ္ဂါဝပ်ခန့်တိုးချဲ့တည်ဆောက်နိုင်ခဲ့သည်ကို  တွေ့ရမည်ဖြစ်ပါကြောင်း၊ မြို့ပေါင်း ၃၉၈ မြို့၊     ရွာပေါင်း ၂၉၃ဝ၄ ရွာကို   ဓာတ်အားဖြန့်ဖြူး ပေးထားနိုင်ပြီဖြစ်၍ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင် နှုန်းဖြစ်သော  အိမ်ထောင်စုပေါင်း ၃ ဒသမ ၇ သန်းတို့မှာ   လျှပ်စစ် ဓာတ်အား  ရရှိသုံးစွဲနိုင်ကြမည်ဖြစ် ပါကြောင်း။

လျှပ်စစ်စွမ်းအား  ဝန်ကြီးဌာန အနေဖြင့် ရေအားလျှပ်စစ်စီမံကိန်း ခုနစ်ခု၊     သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံသုံးခု စုစုပေါင်း ၂ဝ၄၂ ဒသမ၂ မဂ္ဂါဝပ်ကို  လျာထား နှစ်ထက်  ဆောလျင်စွာပြီးစီးနိုင်ရေး အတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။
မြန်မာနိုင်ငံ     တစ်ဝန်းလုံး၌ တောင်ပေါ်မြေပြန့်အနှံ့   လျှပ်စစ် ဓာတ်အားကို   ရရှိသုံးစွဲနိုင်စေရန် အတွက် ၂ဝ၃ဝ-၂ဝ၃၁ ခုနှစ်တွင် ၁ဝဝ ရာခိုင်နှုန်း  အပြည့်အဝလျှပ်စစ် ဓာတ်အားပေးနိုင်စေမည့် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်(National Electrification Plan)ကို ကမ္ဘာ့ဘဏ်အဖွဲ့၏  အကူအညီ ဖြင့်    ရေးဆွဲထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်      ဦးသိန်းအောင်က ဧရာဝတီ    တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားရရှိမှုအခြေအနေ များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဓာတ်အားခွဲရုံဖွင့်လှစ်ပေးခြင်းအတွက် ဒေသခံတစ်ဦး က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက်    ထူးချွန်လူငယ်၊ ကင်းထောက်လူငယ်နှင့် ကြက်ခြေနီ လူငယ်တို့က ၂၃ဝ ကေဗွီ ပုသိမ် (ကန် ကြီးထောင့်)   ပင်မဓာတ်အားခွဲရုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်  ဖွင့်ပွဲအခမ်း အနားသို့   တက်ရောက်လာကြသူ များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ပင်မဓာတ်အားခွဲရုံကမ္ပည်း မော်ကွန်း ကို  စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့်  ပက်ဖျန်းပေး သည်။
ယင်းနောက်  နိုင်ငံတော်သမ္မတ အား ပြည်ထောင်စုဝန်ကြီး ဦးခင် မောင်စိုးက ဧရာဝတီတိုင်းဒေသကြီး အတွင်း     ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံ   စီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယခုဖွင့်လှစ်သည့် ၂၃ဝ / ၆၆/ ၁၁ ကေဗွီ  ၂ x ၅ဝ  အယ်ဗွီအေ ပုသိမ်(ကန်ကြီးထောင့်)    ပင်မ ဓာတ်အားခွဲရုံမှ  ဧရာဝတီတိုင်းဒေသ ကြီး   အနောက်ဘက်အခြမ်းဒေသ ရှိ  မြို့နယ်များနှင့်  ကျေးရွာများကို ၂၄ နာရီပတ်လုံး ဓာတ်အားဖြန့်ဖြူး ပေးနိုင်မည်ဖြစ်သည်။      အဆိုပါ ဓာတ်အားခွဲရုံမှ ဆက်လက်ဖြန့်ဖြူး နိုင်ရန် ၆၆ ကေဗွီ   ပုသိမ်-ငရုတ် ကောင်း-ငပြေမ   ဓာတ်အားလိုင်း၊ (၆၆/၁၁)ကေဗွီ ငပြေမ ဓာတ်အား ခွဲရုံနှင့် (၆၆/၁၁)ကေဗွီ ငရုတ်ကောင်း ဓာတ်အားခွဲရုံတို့ကို  တည်ဆောက် ကာ  ရွှေသောင်ယံ၊  ငွေဆောင်၊ ချောင်းသာ၊  ငရုတ်ကောင်း၊  ငပြေမ၊ ထီးချိုင့်၊ ငပုတော၊ အုတ်ရှစ်ကွင်းနှင့် ကျုံးကူးအတွင်းရှိ   ကျေးရွာ ၁၉၂ ရွာမှ  အိမ်ခြေ  ၄ဝ၇ဝဝ ကျော်ကို  လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်သည်။
ဧရာဝတီ     တိုင်းဒေသကြီးသို့ လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရေး အတွက် ၂၃ဝ ကေဗွီ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများနှင့်   ဆက်စပ် ဓာတ်အားလိုင်းများဖြစ်သည့်   ၆၆ ကေဗွီ ပုသိမ်-ငရုတ်ကောင်း-ငပြေမ ဓာတ်အားလိုင်းတို့  တည်ဆောက် ခြင်းကြောင့် ဒေသတွင်းသို့ လျှပ်စစ် ဓာတ်အားများ  ပြည့်ဝတည်ငြိမ်စွာ ပိုမိုဖြန့်ဖြူးနိုင်ပြီး   စက်မှုလက်မှု လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ပိုမို၍ အဆင့်အတန်း   မြင့်မားလာစေရန် အတွက်  အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူး ပေးနိုင်ရန် ဆောင်ရွက်ခဲ့သော စီမံ ကိန်းများမှာ ၂၃ဝ ကေဗွီ အသုတ်-ပုသိမ်  မဟာဓာတ်အားလိုင်း  ၃ဝ ဒသမ  ၂၅ မိုင်တည်ဆောက်ခြင်း၊ အသုတ်  ပင်မဓာတ်အားခွဲရုံတွင် Switch Bay တစ်ခု   တိုးချဲ့တည် ဆောက်ခြင်း၊ ပုသိမ်(ကန်ကြီးထောင့်)တွင် ၂၃ဝ ကေဗွီ၊ (၂ x ၅ဝ) အမ်ဗွီ အေ  ပင်မဓာတ်အားခွဲရုံ   တည် ဆောက်ခြင်း၊   ၆၆ ကေဗွီ ပုသိမ်-ငရုတ်ကောင်း-ငပြေမ  ဓာတ်အား လိုင်း ၇၆ ဒသမ ၅ မိုင်နှင့် ဓာတ်အား ခွဲရုံများတည်ဆောက်ခြင်း၊ ၆၆ ကေဗွီ၊ ၁ဝ အမ်ဗွီအေ၊  ပုသိမ် (မြက်တို) ဓာတ်အားခွဲရုံ  တိုးချဲ့တည်ဆောက် ခြင်းတို့ဖြစ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့်  ပုသိမ်မြို့မှ ဆက်လက်ထွက်ခွာခဲ့ကြ ပြီး ဒူးယားအင်း၊  ဝါသာလှတာနှင့် မေဒုံပန်းတာတို့အား  မြစ်ရေတိုက် စားမှုကြောင့် ကမ်းပါးပြိုကျမှုအခြေ အနေများကို     ရဟတ်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးကြသည်။
ဒူးယားအင်းမှာ    ဇလွန်မြို့နယ် ဝါသလရွာနှင့် မေဒုံရွာများ နောက် ဘက်ကပ်လျက်တွင်ရှိသည်။ဟင်္သာတ မြို့အောက်ဘက် အောက်ရွာလေး ကျေးရွာအနီးမှစ၍  ကွေ့ကောက် စီးဆင်းသည့်  ဧရာဝတီမြစ်မသည် အရှေ့ဘက်သို့လည်းကောင်း၊ မြစ်ခွဲ ငယ်တစ်ခုသည် တောင်ပို့တရာရွာ ဘက်သို့လည်းကောင်း  ခွဲထွက်ကာ မြစ်ကမ်းပါးများကို တိုက်စားစီးဆင်း လျက်ရှိသည်။  ရေဦးထိုးတိုက်စားမှု နှင့် သဲဆန်သည့်ကမ်းပါးများကြောင့် ဝါသလရွာနှင့်    မေဒုံရွာအနီး မြစ် ကမ်းတိုက်စားနှုန်းများပြားပြီး  မြန် ဆန်လျက်ရှိရာ ဝါသလရွာနှင့် မေဒုံ ရွာများနောက်ဘက်ကပ်လျက်တည် ရှိသည့် ဒူးယားအင်းသို့ ရောက်လု နီးပါး အခြေအနေတွင် ရှိနေသည်။
ထို့ကြောင့်   ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့နယ် ဝါသလရွာ နှင့်  မေဒုံရွာများအနီး   ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့်  မြစ်ကမ်း ပြိုမှုများဖြစ်ပွားပြီး  တာတမံများ ပျက်စီးကာ  ရေဘေးအန္တရာယ်ကျ ရောက်မှုများမှ   ကာကွယ်နိုင်ရန် အတွက် အစီအမံများရေးဆွဲလျက် ရှိသည်။
မေဒုံပန်းတာသစ်၊ ဝါသာလှနှင့်  မေဒုံရွာအနီး မြစ်ကမ်းပါးအလျား  ပေ ၅၅ဝဝ ကမ်းထိန်းဆောင်ရွက်ပြီး ပါက ကျေးရွာများ၊ စာသင်ကျောင်း၊    ဆေးခန်းနှင့်သာသနိက  အဆောက် အအုံများ နှစ်စဉ်နီးပါးရွှေ့ပြောင်းရ ခြင်းနှင့် ဆုံးရှုံးရခြင်း၊ လယ်၊ ယာ၊ ကိုင်း နှင့် ဥယျာဉ်ခြံမြေများပျက်စီးဆုံးရှုံးရ ခြင်း၊  နှစ်စဉ်ရေဘေးအန္တရာယ်မှ  ကင်းဝေးစေမည်ဖြစ်သည်။
ဟင်္သာတနှင့်   ဇလွန်မြို့နယ် များအတွင်း    ဧရာဝတီမြစ်နှင့် ဆက်စပ်၍  ကိုင်းမြေ  ဧက ၄ဝဝဝ ခန့် ပေါ်ထွန်းလာမည်ဖြစ်၍ ဒေသ အတွင်း      လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာကာ  ဆင်းရဲနွမ်းပါးမှု လျော့နည်းလာမည်ဖြစ်သကဲ့သို့ မြစ် ကမ်းထိန်းလုပ်ငန်းများနှင့် ပန်းတာ များ နှစ်စဉ်နီးပါးတည်ဆောက်ရသည့် ကုန်ကျစရိတ်များကိုလည်း  လျော့ နည်း   သက်သာစေမည်ဖြစ်သည်။
ထို့ပြင် ဇလွန်မြို့နယ်၊ ဟင်္သာတ မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ဓနုဖြူ မြို့နယ်များအတွင်းရှိ   မြေဧရိယာ ဧက  သုံးသိန်းကျော်ကို  ရေဘေး အန္တရာယ်မှ  ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့နောက်  နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ကြရာ ညောင် တုန်းမြို့သို့ရောက်ရှိပြီး ညောင်တုန်း မြို့ စည်ပင်တာ  ကမ်းအိ၊  ကမ်း လျှောဖြစ်ပွားခဲ့သည့်အတွက်  စက် ယန္တရားကြီးများဖြင့်   ဘိုးပိုင်ရိုက် သွင်းခြင်းနှင့် ကမ်းနားတာကို ပြုပြင် မြှင့်တင်ခြင်း၊    ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန်  TetraPot  တုံးများ ကို  ကရိန်းများဖြင့် ရေထဲသို့ချခြင်း  လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ    ညောင်တုန်းမြို့ ပတ်တာမှာ   ညောင်တုန်းမြို့အား ရေကြီးမှုဘေးအန္တရာယ်မှ ကာကွယ် ပေးထားခြင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ် မိုးရာသီအတွင်း   ဧရာဝတီမြစ်ရေ ကြီးခဲ့စဉ် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂ ရက်ကလည်း   ပန်းလှိုင်မြစ်ကမ်းပြို မှုဖြစ်ပေါ်ခဲ့သဖြင့်  လည်းကောင်း၊ ညောင်တုန်းမြို့   ပန်းလှိုင်မြစ်ကမ်း  ၈ လမ်းနှင့်   ၁၁  လမ်းအကြား အပိုင်းတွင် အလျားပေ ၃ဝဝ၊ အနံ ပေ ၅ဝနှင့် ပျမ်းမျှအနက် ၁၅ ပေခန့် မြစ်ကမ်းပါး   အိလျော့နိမ့်ဆင်းခဲ့ သဖြင့်လည်းကောင်း၊   ပြုပြင်တည် ဆောက်ဆဲဖြစ်သော   ညောင်တုန်း မြို့ပတ်တာ၏ ပေတိုင် (၃+၇၆ဝ)ပေ မှ (၄+ဝ၆ဝ)ပေအတွင်းရှိ   အုတ် မြေထိန်းနံရံ   အလျား ပေ ၂ဝဝ ခန့်ပြိုကျခဲ့သဖြင့်   လည်းကောင်း၊ ညောင်တုန်းမြို့ရှိ    ပြည်သူများ၏ အသက်အိုးအိမ်   စည်းစိမ်များ  ထိ ခိုက်ပျက်စီးမှုမှ   ကာကွယ်စောင့် ရှောက်နိုင်ရန်  အရေးပေါ်ရေဘေး ကာကွယ်ရေးလုပ်ငန်းများ  ဆောင် ရွက်ခဲ့ရသည်။
အဆိုပါ   မြစ်ကမ်းကာကွယ် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ယခု နှစ် မိုးရာသီမတိုင်မီ ဆောလျင်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး  မြို့ပတ် တာပြုပြင်ခြင်းလုပ်ငန်းများကို လည်း ယခုနှစ် မတ်လကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ညောင်တုန်းမြို့မှ ပြန်လည်ထွက်ခွာ ခဲ့ကြရာ မွန်းလွဲပိုင်းတွင်  ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ကြသည်။ 

(သတင်းစဉ်)

No comments:

Post a Comment