အမရပူရ ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ဂန္ဓာမာပန်းစိုက်တောင်သူများ ပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ဝင်ငွေရရှိနေသောကြောင့် အဆင်ပြေလျက်ရှိကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောတွင်ကျေးရွာသည် ဆည်တောကြီး၊ဆည်တော်လေး ဆည်ရေသောက်စနစ်ဖြင့် သီးနှံများစိုက်ပျိုးပြီး၊ ကိုယ်ပိုင်စက်ရေတွင်းများဖြင့်လည်း ဂန္ဓာမာပန်းများစီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
''ဦးလေးကရွာမှာ ပန်းစိုက်တာ ဆယ်နှစ်ကျော်ပြီ၊ စိုက်ဖူးတဲ့ဂန္ဓာမာပန်းမျိုးတွေကလည်းစုံတယ်၊ အခု ဦးလေးတို့ဒေသက လပ်ကီး၊ ကီလို၊ ကြွေဖြူ၊ ပုလဲဖြူ၊ ရွှေဝါဝင်း၊ ဆမ်ဘား၊ ဂျူးဘုရင်၊ ချက်စိမ်း၊ ငုရွှေဝါ၊ အခု မကြာသေးခင်ကပေါ်တဲ့ ရေစိုအစရှိသော ဂန္ဓာပန်းမျိုးများစိုက်ပျိုးပါတယ်။
အဆိုပါ စိုက်ပျိုးထားသည့် ပျိုးပင်များကို ပြင်ဦးလွင်မြို့၌ သွားရောက်ဝယ်ယူကြပြီး အပင်တစ်ပင်လျှင်ယခင်က ခြောက်ကျပ်၊ ခုနစ်ကျပ်သာ ပေးဝယ်ရပြီး ယခုလက်ရှိတွင် ၁၂ ကျပ်ပေးရကြောင်း ပျိုးပင်များကို ထယ်ရေးပြင်၊ ပေါင်တင်ပြီး စိုက်ပျိုးရကြောင်း၊စိုက်ပျိုးပြီး ၁၅ ရက် ရက် ၂ဝ ခန့်ကြာပါက ခါးခွ၊ ပေါင်းသင်၊ မြေဆီကျွေးရခြင်းများ ပြုလုပ်ပေးရကြောင်း အဆိုပါ ဂန္ဓာပန်းစိုက်ပျိုးသူတစ်ဦးက ပြောသည်။
ယင်းအပြင် အပင်သန်ဆေး၊ ပိုးသတ်ဆေး များလည်း ပက်ဖျန်းပေးရပြီး စိုက်ပျိုးပြီး သုံးလကျော်ကြာပါက အဖူြးေ>ွခခြင်းများ၊ အရွက်ဆိတ်ခြင်းများဖြင့် အပင်ပြုစုပေးရသည်။
''ပန်းက ရေသန့်မှကောင်းတာ၊ ရေကတော့ နေ့စဉ်စက်နဲ့တင်ပြီး ဖျန်းပေးနေရတာ၊ရေက ယာခင်းထဲမှာ တူးထားတာ၊ ပေ ၄ဝ/၅ဝ လောက်တူးရင် စပယ်ရှယ်သုံးလို့ရတယ်၊ တစ်တွင်းတူးရင် ကျပ် ၁ဝဝဝဝဝ လောက်ပဲ ကုန်တာ။ ဒါကြောင့် ယာခင်းတိုင်း ရေတွင်းတူးပြီးစိုက်ကြတာများတယ်။ ဒါကြောင့် ဦးတို့ဆီက ရာသီမရွေး စိုက်ပျိုးနိုင်တယ်။
''ဂန္ဓာမာပန်းစိုက်တာက အရင်းအနှီးတော့များတယ်၊ တစ်ဧကကို အပင် ၁ဝဝဝဝဝ လောက်စိုက်တာ ဆိုတော့ ပျိုးပင်စရိတ်၊ အလုပ်သမားစရိတ်၊ ပိုးသတ်ဆေးဖိုးနဲ့ ကျပ်သိန်း ၆ဝ ကျော်လောက်ကုန်တာ၊ နှစ်ပင်ကို တစ်စီးဆိုတော့ တစ်ဧကစိုက်ရင် အစီး ၄ဝဝဝဝ လောက်တင်တယ်။ ကျန်တာက အသေအပျောက်နဲ့ အရိုးလှီတာနဲ့။
''ပန်းဈေးကတော့ အခုပေါက်ဈေးက တစ်စီးကို ယာခင်းထိကားနဲ့ လာဝယ်ဈေး ငွေကျပ် ၄၅ဝ ဈေးရတယ်၊ အရင်က ကျပ်၆ဝဝ ထိ ဈေးပေါက်လိုက်သေးတယ်။ အခုမှဈေးကျသွားတာ၊ ဒီဈေးနဲ့လည်း အဆင်ပြေတယ်။ တစ်ဧကစိုက်ရင် ကျပ်သိန်း ၁၅ဝ ကျော်လောက်ရတော့ အဆင်ပြေပါတယ်။ ဦးတို့ရွာကတော့ တစ်ရွာလုံးနီးပါး စပါးနဲ့ ဂန္ဓာမာပန်းစိုက်ကြတာများတယ်'' ဟု ၄င်းက ဆက်လက်ပြောသည်။
ယင်းစိုက်ခင်းများအား တခြားဒေသများ မှ ဂန္ဓာမာပန်းစိုက်ပျိုးချင်သူများနှင့် စိတ်ဝင်စားသူများမှလည်း စီးပွားဖြစ်စိုက်ပျိုးလိုပါက လာရောက်လေ့လာနိုင်ကြောင်း အမရပူရ မြို့နယ် တောတွင်ကျေးရွာမှ ဂန္ဓမာပန်းစိုက် တောင်သူ ဦးဝင်းဇော်က ပြောသည်။
သန်းဇော်မင်း(ပြန်/ဆက်)
No comments:
Post a Comment