Friday, January 29, 2016

အတွေ့အကြုံများကိုအခြေခံ၍ အမျိုးသမီးများ၏လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်သွားရမည်



Myanmaalinn's photo.
 နေပြည်တော် ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ၂ဝ၁၅ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ရှိ သီရိ ရတနာခန်းမ၌ ကျင်းပခဲ့ သည်။
အခမ်းအနားတွင် အဖွဲ့ချုပ်၏ အခြေခံစည်းမျဉ်း ပြင်ဆင်ချက်များကို တင်ပြခြင်း၊ ဆွေးနွေးအတည်ပြုခြင်း၊ နှစ်ပတ်လည်အစည်းအဝေး ဆွေးနွေး ချက်များမှသည် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းနှင့် ဆုံးဖြတ်ချက်များ အတည်ပြုခြင်းတို့ကို ဆောင်ရွက် ခဲ့သည်။
ထို့နောက် အဖွဲ့ချုပ်ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မာထွန်းက နိဂုံးချုပ် အမှာစကားပြောကြားရာ တွင် အမျိုးသမီးများ၏ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဖွဲ့ဝင်များက အဘက်ဘက်မှ နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံလူဦးရေ ထက်ဝက် ကျော်သည် အမျိုးသမီးများဖြစ်သော ကြောင့် အမျိုးသမီးများ၏အခန်း ကဏ္ဍသည် နိုင်ငံတည်ဆောက်ရေး တွင် အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ အမျိုးသမီးများ ၏လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသေးစားချေးငွေ မတည် ပေးရာတွင် လက်တွေ့ကျကျ မိမိ ဒေသ၊ မိမိဓလေ့နှင့် အခြေအနေအရ ကိုက်ညီမည့်လုပ်ငန်းများကို ဆောင် ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ပညာရေးနှင့် ကျန်းမာရေးကဏ္ဍသည် အရေးကြီးသည့်အခန်းကဏ္ဍ ဖြစ်သည့်အတွက် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ ထူးချွန်သော်လည်း မိသားစုအခက် အခဲကြောင့်၊ ငွေကြေးအခက်အခဲ ကြောင့် အတန်းပညာမသင်ယူနိုင်သူ များကို ထောက်ပံ့ကူညီနိုင်ရေး၊ စာမတတ်သူ အမျိုးသမီးများကို စာတတ်စေရန် သက်ကြီးစာဖတ်ဝိုင်း၊ စာသင်ဝိုင်းများ ဆောင်ရွက်ပေးရေး၊ ကျန်းမာရေးအသိပညာပေးလုပ်ငန်း များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်သလို ဆောင်ရွက်ပေးနိုင်ရေး တို့ကို အားသွန်ခွန်စိုက် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။
အမျိုးသမီးများအား နည်းမျိုးစုံ ဖြင့် အကြမ်းဖက်မှုမှကာကွယ်ရေး အတွက် အသိပညာပေးလုပ်ငန်းများ ကိုအလေးထားကာ အရှိန်အဟုန် ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးအားဖြင့် ယခင်နှစ်များက အတွေ့အကြုံများကို စံနမူယူပြီး အမျိုးသမီးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြော ကြားသည်။
နှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီ ၂၆ ရက်မှစတင်ကာ သုံးရက်ကျင်းပခဲ့ခြင်းဖြစ်ပြီး အစည်း အဝေးတွင် ပြီးခဲ့သည့်နှစ် တစ်နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက်များမှ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ကာ အမျိုးသမီး များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကွင်းဆင်း ဆောင်ရွက်နေ သော အဖွဲ့ဝင်များ၏အတွေ့အကြုံ အခြေခံသော ဆွေးနွေးမှုများမှသည် ဆက်လက်လုပ်ဆောင်သွားမည့် ရှေ့ လုပ်ငန်းစဉ်များကို ချမှတ်နိုင် ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment