Monday, January 11, 2016

ရီးယဲလ်ရဲ့ လမ်းစဉ်ကို မန်ယူလိုက်သင့်သလား



The Mirror Daily's photo.


ရီးယဲလ်ကို ဇီဒန်း ပထမဆုံးကိုင်တွယ်တဲ့ ပွဲမှာပဲ ဒီပို့တီဗိုလို ခြေမာတဲ့အသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိ အောင်ဦးဆောင်မှုပေးနိုင်ခဲ့တာကြောင့် လောလောဆယ် အနိုင်တစ်ပွဲရဖို့တောင် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ မန်ယူအနေနဲ့ ရီးယဲလ်လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံး သင့်တယ်လို့ အားကစားသုံးသပ်သူ ရော်ဘီဆာဗေ့ခ်ျက တိုက်တွန်းခဲ့ပါတယ်။ အခုအချိန်မှာ မန်ယူအနေနဲ့ ဗန်ဟားလ်ကို ထုတ်ပယ်ပြီး ရွိုင်ယန်ဂစ်ကိုသာ ဦးဆောင်ခွင့်ပေးသင့်တယ်လို့ မန်ယူပရိသတ်အတော်များများကလည်း ယုံကြည်နေတာပါ။

မန်ယူဟာ အရင်ကပရီမီယာလိဂ်မှာ ချန်ပီယံလောင်း ဆုစာရင်းထဲမှာ ထိပ်ဆုံးက ထည့်သွင်းထားခံခဲ့ရတဲ့ အသင်းဖြစ်ပေမယ့် ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်း ဒေးဗစ်မိုရက်စ်၊ ဗန်ဟားလ်တို့ ကိုင်တွယ်ချိန်ကစလို့ ရလဒ်ပိုင်းကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ဖာဂူဆန် ရွေးချယ်ပေးခဲ့တဲ့ မိုရက်စ်ကလည်း အသင်းရလဒ်ကို ဖရိုဖရဲဖြစ်စေခဲ့သလို၊ ဂလေဇာမိသားစုစိတ်ကြိုက် ဗန်ဟားလ်ကလည်း မန်ယူကို အခုထိ ဦးဆောင်မှုကောင်း ကောင်းမပေးနိုင်သေးတာကို တွေ့ရပါတယ်။ ဗန်ဟားလ် ကျင့်သုံးတဲ့နည်းစနစ်ပိုင်းက တိုက်စစ်ကစားသမားတွေအတွက် ကစားရခက်စေသလို ကွင်းလယ်ကစားသမားတွေ အနေနဲ့ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်မှုကို အကန့်အသတ်ဖြစ်စေတာကြောင့် ဂိုးတစ်ဂိုးရဖို့တောင် ခက်ခက်ခဲခဲ ရုန်းကန်နေရတာပါ။

ဒါပေမယ့် အခြေအနေကို ခြေခြေမြစ်မြစ်တွေးခဲ့ရင် မန်ယူရဲ့ရလဒ်တွေ ကျဆင်းခဲ့တာဟာ မိုရက်စ်နဲ့ ဗန်ဟားလ်တို့ကြောင့်ချည်းမဟုတ်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဖာဂူဆန်တောင် အဲဒီအချိန်တုန်းက ပရီမီယာလိဂ်အတွေ့အကြုံလုံးဝမရှိတဲ့ မော်ရင်ဟိုရဲ့ ချယ်လ်ဆီး၊ မန်ချီနီရဲ့ မန်စီးတီးတို့ကို ပရီမီယာလိဂ် ဖလားလွှဲပြောင်းပေးခဲ့ရတဲ့ အစဉ်အလာရှိတာကြောင့် အခုအချိန်မှာ ဗန်ဟားလ်ကို ဖယ်ထုတ်ပြီး ရွိုင်ယန်ဂစ်ကို ခန့်အပ်ခဲ့ရင်လည်း ရလဒ်ပိုင်းကောင်းလာမယ်လို့ ဘယ်သူမှ အာမခံနိုင်မှာမဟုတ်ပါဘူး။

၂ဝ၁၄ ဘောလုံးရာသီကုန်ဆုံးခါနီး မန်ယူက ဒေးဗစ်မိုယက်စ်ကို ထုတ်ပယ်ပြီး ဂစ်ကိုအစားထိုးကိုင်တွယ်စေ ခဲ့ရာမှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ရရှိခဲ့တာကြောင့် ၅ဝ ရာခိုင်နှုန်းလောက် အနိုင်ရလဒ်ရရှိအောင် ဦးဆောင်မှုပေးနိုင်တဲ့ မှတ်တမ်းတော့ ရရှိထားပါတယ်။ ဒါ့ကြောင့် ဂစ်အနေနဲ့ မန်ယူကို နည်းပြအဖြစ်ဦးဆောင် ကိုင်တွယ်ရင်လည်း ဇီဒန်းလို ကစားသမားတွေနဲ့ အပေးအယူမျှမှာဖြစ်တာကြောင့် အောင်မြင်မှာပဲလို့ ယေဘုယျ အားဖြင့်တွေးထင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းကြီးတွေက ဘောလုံးရာသီတစ်ရာသီမှာ ပျမ်းမျှ ပွဲ ၆ဝ လောက်ကစားရတာဖြစ်လို့ ဂစ်ကိုအလုံးစုံ ဝကွက်အပ်ဖို့ဆိုတာ လောလောဆယ်အနေအထားအရ မဖြစ်နိုင်သေးပါဘူး။

ဒါ့အပြင် ဇီဒန်းကလည်း ရီးယဲလ်ကို ကိုင်တွယ်တာ အခုမှ တစ်ပွဲပဲရှိသေးသလို ရွိုင်ယန်ဂစ်နဲ့ ဇီဒန်းတို့ရဲ့ အခြေအနေကလည်းမတူပါဘူး။ ဇီဒန်းဟာ မော်ရင်ဟို၊ အန်စလော့တီတို့လို အသင်းအတွက် အောင်မြင်မှုရယူပေး နိုင်ခဲ့တဲ့ နည်းပြတွေနဲ့ လက်တွဲ လုပ်ဆောင်ခဲ့ရတာဖြစ်ပြီး အချိန်ရရင်ရသလို ဂွါဒီယိုလာရဲ့ နည်းစနစ်တွေကို သွားရောက်လေ့လာတာမျိုး လုပ်ဆောင်နေသူဖြစ်ပါတယ်။ ဒါ့အပြင် ရီးယဲလ်(ခ)အသင်းကို တစ်နှစ်ခွဲလောက် ဦးဆောင်သူအနေနဲ့ စီမံခဲ့ရတာဖြစ်လို့ နည်းပြအလုပ်ကို အခုမှ နဖူးတွေ့ ဒူးတွေ့စတင်တာဝန်ယူတာဆိုပေမယ့် နည်းပြအဖြစ် ထမ်းဆောင်ဖို့ သူကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေခဲ့တာပါ။

ရွိုင်ယန်ဂစ်ကတော့ အစားထိုးနည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ ကာလတိုလေးမှာတောင် မန်ယူကို ရှုံးပွဲမဲ့ အနေ အထားရောက်အောင် မစွမ်းနိုင်ခဲ့ပါဘူး။ လက်ထောက် နည်းပြအဖြစ် တစ်နှစ်ခွဲလောက် တာဝန်ယူခဲ့ဖူးတဲ့အတွေ့ အကြုံကလည်း အခုလို ပြိုင်ဆိုင်မှုပိုမို ပြင်းထန်လာတဲ့ ပရီမီယာလိဂ်ကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ စီမံခန့်ခွဲခွင့်ပေးဖို့ဆိုတာ မသင့်သေးတာကြောင့်...။

No comments:

Post a Comment