မျက်မှောက်ကမ္ဘာတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးစသည့် နိုင်ငံတကာအရေးကိစ္စများကို မျက်ခြည်မပြတ်လေ့လာနေရန် လိုအပ်ပါသည်။ ထိုသို့လေ့လာနေမှသာလျှင် နိုင်ငံတကာ
အခင်းအကျင်းများမှ ရယူသင့်သော သင်ခန်းစာများကို ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ကြေးမုံစာဖတ်ပရိသတ်များအား တစ်ပတ်အတွင်းထူးခြားသော နိုင်ငံတကာ ဖြစ်စဉ်များကို ခြုံငုံသိရှိနိုင်စေရန်အတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နိုင်ငံတကာသတင်း ပုံရိပ်များကို ဖော်ပြအပ်ပါသည်။
အခင်းအကျင်းများမှ ရယူသင့်သော သင်ခန်းစာများကို ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ကြေးမုံစာဖတ်ပရိသတ်များအား တစ်ပတ်အတွင်းထူးခြားသော နိုင်ငံတကာ ဖြစ်စဉ်များကို ခြုံငုံသိရှိနိုင်စေရန်အတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နိုင်ငံတကာသတင်း ပုံရိပ်များကို ဖော်ပြအပ်ပါသည်။
(စာတည်း)
ကိုရင်သြ
အသေးစားပြုလုပ်ထားသည့် ဟိုက်ဒြို ဂျင်ဗုံးတစ်လုံးကို အောင်မြင်စွာ စမ်းသပ် ဖောက်ခွဲနိုင်ခဲ့ပြီဟု မြောက်ကိုရီးယားနိုင်ငံက ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ရာ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်စသည့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအပေါင်းမှာ ပြူးတူးပျာတာဖြစ်ကာ ပူရှိမ်း စပ်ရှိမ်း ဝေဖန်သံများ နယ်စည်းမထား ပေါ်ထွက်လာကြောင်း ကျွန်ုပ်သတိပြုမိ လေ၏။
မြောက်ကိုရီးယားနိုင်ငံ ကေဂျူမြို့ အနောက်မြောက်ဘက် မိုင် ၃ဝ ခန့်အကွာ ပန်ဂေးရီ အဏုမြူစမ်းသပ်ရေးကွင်း၌ မြေအောက်အဏုမြူစမ်းသပ်မှု ပြုလုပ်သည်ဆိုသော သတင်းကို နိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ထုတ်ပြန်ခဲ့လေသည်။
ဟိုက်ဒြိုဂျင်ဗုံးတစ်လုံးကို တီထွင်ထုတ် လုပ်ထားပြီးဖြစ်သည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်ကြီးက ဒီဇင်ဘာလအတွင်း အခိုင်အမာ ပြောကြားခဲ့ပြီးနောက် ပထမဆုံးအကြိမ် စမ်းသပ်ဖောက်ခွဲခြင်းဖြစ်သည်ဟု ကျွန်ုပ်သိရှိရလေသည်။
သာမိုနျူကလိယ ဗုံးဟုလည်း ခေါ်တွင်သော ဟိုက်ဒြိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်သည်ဆိုသော သတင်းနှင့် ပတ်သက်၍ အမေရိကန်နှင့် တောင်ကိုရီးယားတို့က သိပ္ပံရေးရာ စေ့ငုလေ့လာမှုပြုလုပ်လျက်ရှိ လေသည်။
ယင်းနျူကလိယ စမ်းသပ်ဖောက်ခွဲမှုမှာ တီအင်န်တီယမ်းဘီလူး ၆ ကီလိုတန်ခန့် ပေါက်ကွဲမှုပမာဏတမျှရှိသည်ဟု တောင် ကိုရီးယားပါလီမန်ရှိ ထောက်လှမ်းရေး ကော်မတီမှ အမတ်တစ်ဦးက ပြောကြားခဲ့ သည်။
မြောက်ကိုရီးယား၏ နျူကလိယ စမ်းသပ်မှုမှာ အစစ်အမှန် ဟိုက်ဒြိုဂျင်ဗုံးတစ်လုံး ဟုတ်၊ မဟုတ် လေ့လာသွားရန် လိုအပ်ကြောင်း ဆိုးလ်မြို့ရှိ ကိုရီးယားကာကွယ်ရေးနှင့် လုံခြုံရေးဖိုရမ်မှ သုတေသီယန်အွတ်က ပြောကြားခဲ့သည်။
အဏုမြူဗုံးနှင့် ဟိုက်ဒြိုဂျင်ဗုံးတို့၏ ကြားအဆင့်ရှိ ဗုံးကို စမ်းသပ်ခဲ့ဖွယ်ရာရှိ သည်ဟု တောင်ကိုရီးယားသုတေသီအချို့က သုံးသပ်ခဲ့ကြသည်။
အမေရိကန်အခြေစိုက် နျူကလိယ၊ ဇီဝနှင့် ဓာတုလက်နက်တားဆီးရေး အဖွဲ့ အစည်းတစ်ရပ်ဖြစ်သော Ploughshares Fund မှ ကျွမ်းကျင်သူပညာရှင်တစ်ဦးက ထုတ်ဖော်ပြောဆိုရာတွင်မူ အဏုမြူကွဲပွား ခြင်းဗုံးအတွင်း ဟိုက်ဒြိုဂျင်အိုင်ဆိုတုပ်တစ် ခုနှင့် ရောစပ်ကာ ဖန်တီးထားသည့် ဗုံးဖြစ်တန်ရာသည်ဟူ၍ မှတ်ချက်ပြုခဲ့လေသည်။
ပန်ဂေးရီ စမ်းသပ်ရေးကွင်းမှ မိုင် ၃ဝ အကွာတွင် ပြင်းအား ၅ ဒသမ ၁ ရှိ မြေ
ငလျင်တုန်ခါမှုဖြစ်ပေါ်ခဲ့သည်ဟု အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက မှတ်တမ်းတင်လေသည်။
ငလျင်တုန်ခါမှုဖြစ်ပေါ်ခဲ့သည်ဟု အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက မှတ်တမ်းတင်လေသည်။
၂ဝ၁၃ ခုနှစ်က မြောက်ကိုရီးယား၏ နောက်ဆုံးအကြိမ် အဏုမြူစမ်းသပ်မှု ပြု လုပ်ခဲ့စဉ်တွင် ပြင်းအား ၅ ဒသမ ၁ ရှိ မြေငလျင်လှုပ်မှုကို မှတ်တမ်းတင်ခဲ့သေးသည်။
ယခုတစ်ကြိမ် စမ်းသပ်မှုကို အကြောင်းပြု၍ သိပ္ပံနည်းကျ အထောက်အထားများ ရရှိရန် ကမ္ဘာ့နိုင်ငံများက စနည်းနာလျက် ရှိကြသော်လည်း မြောက်ကိုရီးယား၏ နျူကလိယနည်းပညာ ရှေ့သို့တိုးတက်နေပြီဟု ရိုးတိုးရိပ်တိပ် တွေးဆနေကြမည်ကား သေချာလှ၏။
မြောက်ကိုရီးယားက နျူကလိယထိပ်ဖူး တစ်လုံးကို ယင်း၏ ဒုံးလက်နက်တွင် တပ် ဆင်လာလေမည်လောဟု မသိုးမသန့် တွေးဆကြလျက် အမေရိကန်နှင့် ယင်း၏ ဒေသဆိုင်ရာ မဟာမိတ်နိုင်ငံများ (ဂျပန်နှင့် တောင်ကိုရီးယား) တို့ မယုံသင်္ကာဒွိဟ စိတ်ဖြင့် မလုံမလဲရှိနေကြပြီဟု ကျွန်ုပ်အကဲခတ်မိလေသည်။
အဏုမြူလက်နက်ဟူသည်ကား နိုင်ငံတော်လုံခြုံရေးအတွက် လျှို့ဝှက်ချက်တစ်ခု
ဖြစ်ပေရကား အရာရာကို လျှော့တွက်၍ မရနိုင်ဟု စိတ္တဇအတွေးများဖြင့် ကျောချမ်းမိကြပေရာတည်း။
ဖြစ်ပေရကား အရာရာကို လျှော့တွက်၍ မရနိုင်ဟု စိတ္တဇအတွေးများဖြင့် ကျောချမ်းမိကြပေရာတည်း။
နောက်ကျောမလုံဖြစ်နေသော တောင် ကိုရီးယားနိုင်ငံသည် ယင်း၏ နိုင်ငံတွင် အဟန့်အတားပြ လက်နက်အဖြစ် မဟာဗျူဟာမြောက် လက်နက်များအား ဖြန့်ကြက်ရန် အမေရိကန်ကို ဇန်နဝါရီ ၇ ရက် တွင်တောင်းဆိုခဲ့ပြီး ညှိနှိုင်ွးေးနွေးနေသည်ဟု သတင်းတစ်ပုဒ် ကျွန်ုပ်ဖတ်ရှုရ ပြန်သည်။
မြောက်ကိုရီးယား၏ နျူကလိယစမ်းသပ်မှုသည် ရန်စလှုံ့ဆော်မှုဖြစ်သဖြင့် မိမိတို့ကပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးက အကဲဆတ်ဆတ်ဖြင့် ပြောကြားခဲ့လေသည်။
မြောက်ကိုရီးယား၏ မဟာမိတ် တရုတ်နိုင်ငံကလည်း နျူကလိယ စမ်းသပ်မှုကို ကန့်ကွက်ခဲ့ပြီး ဒေသဆိုင်ရာ လုံခြုံရေး အခြေအနေ ပိုမိုဆိုးရွားစေနိုင်မည့် လုပ်ဆောင်ချက်များ အဆုံးသတ်ရန် တိုက်တွန်းခဲ့လေသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း နျူလက်နက် မပြန့်ပွားရေး နိုင်ငံတကာ ကြိုးပမ်းချက်များကို ပြောင်ပြောင်တင်းတင်း အာခံရာရောက်သည့် လုပ်ရပ်အဖြစ် စနောင့်စနင်း ပြောကြားလေသည်။
ရုရှားနိုင်ငံကမူ နိုင်ငံတကာဥပဒေကို ပေါ်ပေါ်တင်တင် ချိုးဖောက်မှုဟူ၍ သုံး
နှုန်းခဲ့ကာ အခြေအနေကို လေ့လာအကဲခတ်လျက်ရှိသည်ဆို၏။
နှုန်းခဲ့ကာ အခြေအနေကို လေ့လာအကဲခတ်လျက်ရှိသည်ဆို၏။
နျူကလိယ လက်နက်ဖျက်သိမ်းရေးဟူသည်ကား ကမ္ဘာတစ်လွှား လက်နက်ထိန်း ချုပ်ရေးမူဝါဒများ၏ အဓိက ဦးတည်ချက် ဖြစ်သည်ဟု ကျွန်ုပ်လေ့လာသိရှိရ၏။
သို့ရာတွင် လက်နက်ဖျက်သိမ်းရေး ကိစ္စရပ်မှာ ကမ္ဘာ့နိုင်ငံများအတွင်း အချေ အတင် အငြင်းပွားရဆုံးဖြစ်နေသည်။ စစ်ကာလအတွင်း နျူကလိယလက်နက် အသုံးပြုခဲ့သည့် ဖြစ်ရပ်နောက်ပိုင်း နှစ်ပေါင်း ၇ဝ ရှိလာသည့်တိုင်အောင် ကမ္ဘာပေါ်တွင် နျူကလိယလက်နက် ၁၆ဝဝဝ ခန့်ရှိနေဆဲ ဖြစ်သည်ဟု ဗြိတိသျှ-အမေရိက လုံခြုံရေး သတင်းကောင်စီက ဖော်ပြထားလေရာ လူသားတို့အပေါ် ကျရောက်နေသော လုံခြုံရေးဝန်ထုပ်ဝန်ပိုးကြီးမားလှ၏ဟု ကျွန်ုပ်တွေးမိလေသည်။
ဒုတိယကမ္ဘာစစ်ကို ဇာတ်သိမ်းစေခဲ့သည့် အဏုမြူဗုံးများ ဟီရိုရှီးမားနှင့် နာဂါစာကီမြို့တို့အပေါ် ကြဲချခဲ့ရာမှ ဖြစ်ပေါ်ခဲ့ ရသော ဆိုးကျိုးတရားများကို ကျွန်ုပ်တို့ ယနေ့တိုင် မမေ့နိုင်ကြသေးချေ။
ဂျပန်နှင့် ကမ္ဘာ့နိုင်ငံများတွင် အဏုမြူ လက်နက်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးလှုပ် ရှားမှုများသောသောညံခဲ့သော်လည်း လုံခြုံစိတ်ချရသော ကမ္ဘာကြီးကို ပုံဖော်ထုဆစ်ရေးမှာ မျှော်တိုင်းဝေးနေရဆဲဖြစ်လေသည်။
စစ်အေး အထွတ်အထိပ်ရောက်ချိန် ၁၉၆၂ ခုနှစ်က ပေါ်ပေါက်ခဲ့သော ကျူးဘားဒုံးပျံအရေးအခင်းမှာ သမိုင်းတွင်ရစ်လေသော အရေးအခင်းဖြစ်ပြီး အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုအကြား ၁၃ ရက်ကြာမျှ ရန်စောင်နေခဲ့ကြကာ နျူကလိယ စစ်ပွဲဖြစ်လုအံ့နီးနီး အခြေအနေသို့ ဆိုက်ခဲ့ရလေသည်။
ကျူးဘားနိုင်ငံ၌ ဆိုဗီယက်ဒုံးကျည်များ ဖြန့်ကြက်ရာမှ တစ်ပွဲတစ်လမ်း အကဲစမ်း လုမတတ် အားပြိုင်ခဲ့မှုမှာ သမိုင်းကပေးစွမ်းသော သင်ခန်းစာတစ်ရပ်ဖြစ်သည်။
နျူကလိယလက်နက်ကို အဟန့်ရှိအောင် ထားရှိခြင်းဖြင့် မည်သည့် နိုင်ငံကမျှ
သွေးတိုးစမ်းရဲမည်မဟုတ်ဟူသော အနုမာနယူဆချက်အရ ယင်းလက်နက်ပိုင်ဆိုင်အောင် ကြိုးပမ်းနေကြခြင်းဖြစ်သည်ဟု တွေးဆစရာဖြစ်ရလေသည်။
သွေးတိုးစမ်းရဲမည်မဟုတ်ဟူသော အနုမာနယူဆချက်အရ ယင်းလက်နက်ပိုင်ဆိုင်အောင် ကြိုးပမ်းနေကြခြင်းဖြစ်သည်ဟု တွေးဆစရာဖြစ်ရလေသည်။
အမေရိကန်ပြည်ထောင်စုသည် ပထမဆုံးသော သာမိုနျူကလိယ စမ်းသပ်မှုကို ၁၉၅၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည်ဟု ကျွန်ုပ် မှတ်သားခဲ့ရဖူးသည်။
နျူကလိယလက်နက်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ နျူလက်နက်မပြန့်ပွားရေးစာချုပ်
(NPT)ကအသိအမှတ်ပြုသည့် နိုင်ငံငါးနိုင်ငံ (အမေရိကန်၊ ရုရှား၊ ယူကေ၊ ပြင်သစ်နှင့် တရုတ်)၊ နျူကလိယလက်နက်ပိုင်ဆိုင်သော နိုင်ငံများ (အိန္ဒိယ၊ ပါကစ္စတန်နှင့် မြောက်ကိုရီးယား)၊ နျူကလိယလက်နက်တိုက်ရှိသည်ဟု မှတ်ယူခံရသောနိုင်ငံ (အစ္စရေး)၊ နေတိုး၏ နျူကလိယလက်နက် မျှဝေလက် ခံထားသော နိုင်ငံများ (ဘယ်လ်ဂျီယမ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နှင့် တူရကီ)၊ နျူကလိယလက်နက်ကို ယခင်က ပိုင်ဆိုင် ခဲ့သည့်နိုင်ငံများ (ဘီလာရုဇ်၊ ကာဇက်စ တန်၊ ယူကရိန်းနှင့် တောင်အာဖရိက)ဟူ၍ ကျွန်ုပ်တို့ စာရင်းချုပ်လေ့လာနိုင်လေသည်။
(NPT)ကအသိအမှတ်ပြုသည့် နိုင်ငံငါးနိုင်ငံ (အမေရိကန်၊ ရုရှား၊ ယူကေ၊ ပြင်သစ်နှင့် တရုတ်)၊ နျူကလိယလက်နက်ပိုင်ဆိုင်သော နိုင်ငံများ (အိန္ဒိယ၊ ပါကစ္စတန်နှင့် မြောက်ကိုရီးယား)၊ နျူကလိယလက်နက်တိုက်ရှိသည်ဟု မှတ်ယူခံရသောနိုင်ငံ (အစ္စရေး)၊ နေတိုး၏ နျူကလိယလက်နက် မျှဝေလက် ခံထားသော နိုင်ငံများ (ဘယ်လ်ဂျီယမ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နှင့် တူရကီ)၊ နျူကလိယလက်နက်ကို ယခင်က ပိုင်ဆိုင် ခဲ့သည့်နိုင်ငံများ (ဘီလာရုဇ်၊ ကာဇက်စ တန်၊ ယူကရိန်းနှင့် တောင်အာဖရိက)ဟူ၍ ကျွန်ုပ်တို့ စာရင်းချုပ်လေ့လာနိုင်လေသည်။
စစ်နှင့်ငြိမ်းချမ်းရေး
လူ့သမိုင်းကို စေ့ငုလျှင် ကမ္ဘာတစ်ဝန်း စစ်ပွဲများအဖန်ဖန်ဖြစ်ပွားခဲ့ပြီးဖြစ်သည်ကို ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။
ကမ္ဘာ့နိုင်ငံများအချင်းချင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဝါဒစနစ်များ ကွဲပြားခြားနားခြင်း၊ နိုင်ငံများအတွင်း ဂိုဏ်းဂဏ တူရာတူရာအုပ်စုဖွဲ့စည်းခြင်း (ဥပမာ- နေ တိုးအဖွဲ့)၊ ပရအကျိုးကို မကြည့်ဘဲ အတ္တ အကျိုးကိုသာ ရှေ့တန်းတင်ခြင်း၊ ဘာသာ ရေးယုံကြည်ချက် မတူကွဲပြားခြင်း၊ ဘာသာရေးအစွန်းရောက်ခြင်း၊ လူမျိုးရေး အစွဲအလမ်းကြီးမားခြင်း (လူမျိုးကြီးဝါဒ)၊ ဝိဝါဒမတူကွဲပြားခြင်း၊ မိမိရည်မှန်းချက်အတွက် တပည့်များလက်သပ်မွေးကာ လှုပ်ရှား ဆောင်ရွက်ခြင်း (Proxiesျ)၊ အာဏာရှင် ဝါဒကျင့်သုံးခြင်း၊ လောဘ၊ ဒေါသ၊ မောဟ
တိမ်သလ္လာဖုံးကာ ဆိုးမိုက်ခြင်း၊ ပြဿနာကိုညှိနှိုင်းအဖြေမရှာဘဲ အဓမ္မပြုမူခြင်း၊ အမှန် တရားနှင့် မျှတမှုခေါင်းပါးခြင်းစသည့် အကြောင်းတရားများသည် စစ်ဖြစ်စေသော အကြောင်းတရားအချို့ဖြစ်လိမ့်မည်ဟု ကျွန်ုပ်တွေးဆမိ၏။
တိမ်သလ္လာဖုံးကာ ဆိုးမိုက်ခြင်း၊ ပြဿနာကိုညှိနှိုင်းအဖြေမရှာဘဲ အဓမ္မပြုမူခြင်း၊ အမှန် တရားနှင့် မျှတမှုခေါင်းပါးခြင်းစသည့် အကြောင်းတရားများသည် စစ်ဖြစ်စေသော အကြောင်းတရားအချို့ဖြစ်လိမ့်မည်ဟု ကျွန်ုပ်တွေးဆမိ၏။
တစ်ဖက်တွင် တရားသောစစ်ပွဲ၊ မတရားသောစစ်ပွဲဟူ၍ အမျိုးအစားခွဲခြားနိုင်ပေဦးမည်။
ကမ္ဘာ့နိုင်ငံများအချင်းချင်း စစ်ခင်းခဲ့ကြသလို အိမ်ကြက်ချင်း အိုးမည်းသုပ်ကာ ခွပ်စေသည့် စစ်ပွဲများလည်း ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေဆဲပင်။ နိုင်ငံတကာတွင် ဆူဒန်၊ဆိုမာလီ၊ လစ်ဗျား၊ ဆီးရီးယားစသည့် နိုင်ငံများ၌ ပြည်တွင်းစစ်မီးများ လောင်မြိုက်နေသည်ကို ကျွန်ုပ်သတိမူမိသည်။
ငြိမ်းချမ်းရေးဟူသည် တည်ဆောက်ယူမှ
ငြိမ်းချမ်းရေးဟူသည် အသီးသီး အသက အသက တည်ဆောက်ယူမှ ရလိမ့်မည်ဟု ကျွန်ုပ်ယူဆသည်။ နိုင်ငံများ အချင်းချင်း၊ တစ်နိုင်ငံတည်းသား အချင်းချင်း အပြန်အလှန်ယုံကြည်မှုရှိခြင်း၊ စုပေါင်းညီညာမှုရှိခြင်း၊ ခန္တီတရား၊ မေတ္တာ တရားလက်ကိုင်ထားခြင်းဖြင့်သာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပေမည်။
မိသားတစ်စု၊ ရပ်ရွာတစ်ခု၊ နိုင်ငံတစ်ခု၊ ကမ္ဘာတစ်ခု ငြိမ်းချမ်းရန် ဘဝအမြင်မှန်ကန်မှုအပေါ် မူတည်သည်။ ကိုယ်ရောစိတ်ပါ ညီညွတ်သူတို့၏ အလုပ်သည် ချမ်းသာ၏ဟု သူတော်စင်မြတ်တို့ ဆိုမိန့်ကြ၏။
ဗဟိဒ္ဓ (အပြင်သန္တာန်) ငြိမ်းချမ်းရေး လိုအပ်သလို အဇ္ဈတ္တ (အတွင်းသန္တာန်) ငြိမ်းချမ်းရေးလည်း လိုအပ်လိမ့်မည်။
ပုဂ္ဂိုလ်တစ်ဦးချင်းမှ အစပြု၍ အဇ္ဈတ္တ ငြိမ်းချမ်းရေးအတွက် မေတ္တာတရားနှင့် သည်းခံခွင့်လွှတ်မှုတို့ ပြည့်ဝကြရပေမည်။
စစ်နှင့် ငြိမ်းချမ်းရေးဝတ္ထုရှည်ကြီးကို ရေးသားခဲ့သူ ရုရှားစာရေးဆရာကြီး တော် စတွိုင်းသည် ၁၈၅၁ ခုနှစ်က ကော့ကေး ဆပ်နယ်ရှိ ရုရှားတပ်မတော်၌ အမှုထမ်းရင်း ဘဝဒဿနကို ဖွေရှာကာ စာပေပြုစုခဲ့သူတည်း။
ကရိုင်းမီးယားစစ်ပွဲ၌ ဆီဗက်စတိုပိုမြို့သိမ်းတိုက်ပွဲတွင် တော်စတွိုင်းပါဝင်ခဲ့ သည်။ နောက်ဆုံးတွင် စစ်၏အနိဋ္ဌာရုံများ အပေါ် သင်ခန်းစာယူကာ နိုင်ငံတည် ဆောက်လိုသော ပရဟိတစိတ်ဓာတ် ကိန်း အောင်းလာခဲ့သည်။
၁၈၅၇ မှ ၁၈၆၁ ခုနှစ်အထိ ဥရောပအလုပ်သမားများဘဝကို လေ့လာခဲ့ပြီး ဥရောပမှအပြန် ရုရှားအလုပ် သမားတို့၏ဘဝ နိမ့်ကျနေမှုကို သိမြင်ပြီး မိမိကိုယ်တိုင် မြေယာကျေးကျွန်စနစ်ကို ဖျက်သိမ်းပေးခဲ့သည်။ ယင်းနောက်တွင် ကျောင်းထောင်ကာ လူငယ်တို့ကို ပညာ သင်ကြားပေးသည်။ တရားမျှတမှုဘက်မှ ရပ်တည်ကာ ကိုယ်တိုင်လယ်ထွန်ခြင်း၊ စာရေးခြင်းတို့ဖြင့်သာ မွေ့လျော်ခဲ့သည်။
ယခုအချိန်တွင်မူကား ကျွန်ုပ်အနေဖြင့် ငြိမ်းချမ်းရေးချိုးဖြူငှက်ကို နိမိတ်ပုံထင်မိ
၏။ သံလွင်ခက်ကိုချီကာ ပျံသန်းနေသော ငြိမ်းချမ်းရေးချိုးဖြူငှက် အသိုက်အမြုံပြု လုပ်နိုင်စေရန် ကျွန်ုပ်တို့ ခိုနားခွင့်ပေးကြ ရမည်ဖြစ်သည်တကား။ ။
၏။ သံလွင်ခက်ကိုချီကာ ပျံသန်းနေသော ငြိမ်းချမ်းရေးချိုးဖြူငှက် အသိုက်အမြုံပြု လုပ်နိုင်စေရန် ကျွန်ုပ်တို့ ခိုနားခွင့်ပေးကြ ရမည်ဖြစ်သည်တကား။ ။
No comments:
Post a Comment