Sunday, January 10, 2016

ရီးယဲလ်မှာပဲ ဆက်ရှိနေမယ့် စီရိုနယ်လ်ဒို



The Mirror Daily's photo.


ရီးယဲလ်ကနေ ထွက်ခွာတော့မယ်လို့ သတင်းပြေးနေတဲ့ စီရိုနယ်လ်ဒို အနေနဲ့ ဘယ်အသင်းကိုမှ ထွက်ခွာမှာ မဟုတ်ဘဲ ကလပ်အသင်းမှာပဲ ဆက်ရှိနေမှာ သေချာတယ်လို့ ရီးယဲလ်နည်းပြသစ်ဇီဒန်းက ပြောကြားခဲ့ပါတယ်။ စီရိုနယ်လ်ဒိုဟာ လက်တလောမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံခေတ္တပျောက်ဆုံးနေတဲ့အတွက် ရီးယဲလ်က သူ့ကို ဈေးကွက်ကောင်းတုန်း ထုတ်ရောင်းတော့မယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေခဲ့တ ဖြစ်ပါတယ်။

ဇီဒန်းက စီရိုနယ်လ်ဒိုဟာ အသင်းရဲ့ ဝိညာဉ်ဖြစ်တာကြောင့် ဒီနှစ်ပိုင်း တွေထဲ ရီးယဲလ်မှာပဲ ဆက်ရှိနေမှာ သေချာတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာတဲ့ အပေါ် တုံ့ပြန်ခဲ့ပါတယ်။ စီရိုနယ်လ်ဒိုဟာ လာမယ့်ဖေဖော်ဝါရီလဆိုရင် (၃၁)နှစ်ပြည့်မြောက်တော့မှာ ဖြစ်ပေမယ့် သူ့ကိုရရှိဖို့ မန်ယူ၊ ပီအက်စ်ဂျီတို့က အသည်းအသန် ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာကပဲ မန်ယူနည်းပြဗန်ဟားလ်က စီရိုနယ်လ်ဒိုကိုရရှိဖို့ မန်ယူဘက်မှ ကြိုးပမ်းနေပေမယ့် လောလောဆယ်အနေအထားအရ ရဖို့မလွယ်သေးကြောင်း ပြောခဲ့ပါတယ်။

၂ဝဝ၉ ခုနှစ်မှာ စီရိုနယ်လ်ဒိုဟာ မန်ယူကနေ ရီးယဲလ်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း (၈ဝ) နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ရီးယဲလ်အတွက် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ စံချိန်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရီးယဲလ်နည်းပြသစ်ဖြစ်လာခဲ့သူ ဇီဒန်းဟာ စီရိုနယ်လ်ဒိုရဲ့ ကစားဟန်ကို နှစ်သက်သူဖြစ်ပြီး သူဟာ ဒီပေါ်တူဂီကစားသမားရဲ့ အမာခံပရိသတ်တစ်ဦးလို့ ဝန်ခံထားသူလည်း ဖြစ်ပါတယ်။ ဇီဒန်းဟာ သူကိုယ်တိုင်ကလည်း ဂျူဗင်တပ်ကနေ ရီးယဲလ်ကို ပြောင်းရွှေ့တဲ့ အချိန်မှာ အသက်(၃ဝ)နီးပါးရှိနေပြီဖြစ်တာကြောင့် စီရိုနယ်လ်ဒို အနေနဲ့ အကောင်းဆုံးကစားနိုင်မယ်ဦးဆိုတာ သံသယမရှိပါဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အသက်အရွယ် အနည်းငယ်ရလာတဲ့ စီရိုနယ်လ်ဒိုကို ဘယ်အသင်းကိုမှ ထုတ်ရောင်းမှာ မဟုတ်ဘဲ ရီးယဲလ်မှာပဲ ဆက်လက်ထိန်းထားနိုင်အောင် ကြိုးပမ်းမယ်ဆိုတာ သေချာပါတယ်။
ရွိုင်ယန်ဟေဒင်။

No comments:

Post a Comment