Sunday, January 10, 2016

အန်စလော့တီထက် ဂွါဒီယိုလာပိုကောင်းဟု အလွန်ဆိုရှုမြင်




The Mirror Daily's photo.


လာမည့်ဘောလုံးရာသီတွင် ဘိုင်ယန်နည်းပြဖြစ် လာမည့် အန်စလော့တီမှာ နည်းပြကောင်းဖြစ်သော်လည်း ဂွါဒီယိုလာမှာ အကောင်းဆုံး နည်းပြတစ်ဦးဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား အလွန်ဆိုက သူ၏အမြင်ကို ဖွင့်ဟပြောကြားခဲ့သည်။ အလွန်ဆိုမှာ လာမည့် ရာသီတွင် အန်စလော့တီနှင့် လက်တွဲလုပ်ဆောင်ရမည်ဖြစ်သဖြင့် စိတ်လှုပ်ရှားနေပြီး ဂွါဒီယိုလာထွက်ခွာမည့် ကိစ္စအတွက်မူ စိတ်မကောင်းဖြစ်မိကြောင်း ဆိုခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလလယ်ကပင် ဂွါဒီယိုလာက ယခုနှစ်ရာသီအကုန်၌ ဘိုင်ယန်မှ ထွက်ခွာတော့မည်ဟု အတည်ပြုခဲ့ပြီးနောက် လာမည့်ရာသီတွင် ဘိုင်ယန်အား အန်စလော့တီက ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ကလပ် အသင်းဘက်မှ လျင်လျင်မြန်မြန်ပင် သတင်းထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဘောလုံးရာသီနှစ်ရာသီခန့်က အလွန်ဆိုမှာ အန်စလော့တီလက်အောက်တွင် ကစားခဲ့ဖူးပြီး ရီးယဲလ်အတွက် (၁ဝ)ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးပေးနိုင်ခဲ့ဖူးသည်။ သို့သော် ရီးယဲလ်အား အန်စလော့ တီကိုင်တွယ်သည့် ဒုတိယမြောက် ဘောလုံးရာသီတွင် အလွန်ဆိုအား ဘိုင်ယန်သို့ ထုတ်ရောင်းခဲ့သည်။

သို့သော် အန်စလော့တီနှင့် ပြန်လည်လက်တွဲ အလုပ်လုပ်ရမည်ကို စိတ်လှုပ်ရှားနေသော အလွန်ဆိုက ''အန်စလော့တီ ဘယ်လောက်ကောင်း သလဲဆိုတာကို ကျွန်တော့်ဘိုင်ယန်အသင်းဖော်တွေကိုပြောပြခဲ့ပြီးပါပြီ။ သူက ကြီးကျယ်ခမ်းနားတဲ့နည်းပြပါ။ ရီးယဲလ်နဲ့ မီလန်အတွက် ချန်ပီယံလိဂ် ဆုဖလားကို ရယူပေးခဲ့နိုင်တာတွေက ဒီအတွက် သက်သေတွေပါပဲ။ ဒါပေမယ့် ကျွန်တော်တို့အားလုံးက ဂွါဒီယိုလာကိုသာ ကလပ်အသင်းမှာ ဆက်ရှိနေစေချင်တဲ့ ဆန္ဒရှိကြပါတယ်။ သူက ကျွန်တော် လက်တွဲဖူးသမျှ နည်းပြတွေထဲမှာ အကောင်းဆုံး နည်းပြပါ''ဟု ဆိုခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment