Saturday, January 30, 2016

မုံရွာမြို့ ၌ ထိုင်ဝမ်ခရမ်းချဉ်သီး ဈေးနှုန်းကျဆင်း


The Mirror Daily's photo.
မုံရွာ ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာတွင်တစ်ခု အပါအဝင်ဖြစ်သည့ိုင်ဝမ်ခရမ်းချဉ်သီး ဈေးများဆိုးရွားသည့်ဈေးနှုန်းများအထိ ကျဆင်းကြောင်း သိရသည်။
မုံရွာမြို့နယ်ဒေသများအတွင်း မြစ်ရေဝင်ရောက်မှု ကြာမြင့်သည့်အတွက် စိုက်ပျိုးချိန် နောက်ကျခြင်း၊ နုန်းမြေတင်၍ိုင်ဝမ်ခရမ်းချဉ်သီးစိုက်ပျိုးတောင်သူ များပားခဲ့သည့်အတွက် အထွက်နှုန်းအောင်မြင်ဖြစ်ထွန်းသော်လည်း ခရမ်းချဉ်သီး
တစ်ပိဿာဈေးနှုန်းမှာ မုံရွာဒိုင်များသို့ ကျပ် ၄ဝ နှုန်းဖြင့်သာ ရောင်းချရသဖြင့် စိုက်ပျိုးစရိတ်များ ပြန်လည်းရရှိရန်ခက်ခဲ့ကြောင်း ဒေသခံ ရမ်းချဉ်သီးစိုက် တောင်သူ တစ်ဦးကပြောသည်။
ယခုလို ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းနေရသည်မှာ အခြားသီးနှံ အစိုအစိမ်းများ လှိုင်လှိုင်ထွက်ပေါ် နေရခြင်း
ကြောင့်လည်း ယင်းကဲ့သို့ ဆိုးရွားသည့်ဈေးနှုန်းထိ ကျ
ဆင်းနေရခြင်းဖြစ်ကြောင်း ›င်းက ဆက်လက်ပြောသည်။
မင်းမင်း (IPRD)

No comments:

Post a Comment