Saturday, January 2, 2016

ဘားအံမြို့တွင် ကရင်နှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်



The Mirror Daily's photo.
ဘားအံ ဇန်နဝါရီ ၁
ကရင်ပြည်နယ် ဘားအံမြို့ သီရိကွင်း တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကရင်
သက္ကရာဇ် ၂၇၅၅ ခုနှစ် ကရင် နှစ်သစ်ကူးနေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကရင်တိုင်းရင်းသားများ၊ ဒေသခံပြည်သူများက စည်ကားသိုက်
မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်နှစ်သစ်ကူးနေ့ကျရောက်ရာ ပြာသိုလဆန်း ၁ ရက်တွင် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်၊ ကျေးရွာအနှံ့အပြားတွင်သာမက အခြားတိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ကရင်တိုင်းရင်သားများရှိရာ ဒေသများ တွင် ကရင်နှစ်သစ်ကူးပွဲတော်များကို ကရင်ရိုးရာမပျက် ကျင်းပလျက်ရှိသည်။
ဘားအံမြို့တွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော ပြည်နယ်သီရိကွင်းတွင် နံနက် ၆ 
နာရီ အလင်းရောင်စထွက်ချိန်တွင် ကရင်အမျိုးသားအလံကို ကရင်တိုင်း 
ရင်းသားကြီးများက ကျွဲချိုမှုတ်ပြီး ဖား စည်တီးကာ လွှင့်ထူကြမည်ဖြစ်ကြောင်း သိရသည်။

နံနက် ၇ နာရီတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ကျင်းပမည်ဖြစ်ရာ ကရင်နှစ်သစ်ကူးနေ့ မိန့်ခွန်းနှင့်ကရင်နှစ်သစ်ကူးဖြစ်ပေါ်လာပုံအားဖတ်ကြားခြင်း၊ ဂုဏ် ပြုခံ ကရင်တိုင်းရင်းသား အဘိုးအဘွား များအား ဂါဝရပြုခြင်း၊ ပြည်နယ်အလိုက်တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်းတာဝန်ရှိသူ များ၏ပြောပြချက်အရ သိရသည်။
ဆက်လက်၍ ကရင်အမျိုးသားတို့၏ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် ကောက်သစ်ပေါ်ချိန် (ဖီ့ဘီးယော်)ခေါ် စပါးစောင့်နတ်သမီးပူဇော်ပွဲ၊ ကောက်
သစ်စားပွဲ၊ ကရင်ရိုးရာသြပွဲများကိုကျင်းမည်ဖြစ်သည်။

ယင်းအပြင် နှစ်ရက်တိုင်ကရင်ရိုးရာ ဒုံးအက၊ တိုင်းရင်းသားပဒေသာကပွဲများ၊ ရိုးရာလက်ဝှေ့၊ ရိုးရာ ခြင်းအလှခတ်၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် ဖွံ့ဖြိုးတိုး တက်မှုပြခန်းများ၊ ရိုးရာအထိမ်းအမှတ် အသုံးအဆောင်များနှင့် အစားအစာ အရောင်းဆိုင်များ စသည်ဖြင့်စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)

No comments:

Post a Comment