Monday, January 11, 2016

ပင်လယ်ကွေ့နိုင်ငံများက အီရန်နိုင်ငံကို ဆန့်ကျင်ရှုတ်ချ


The Mirror Daily's photo.
ရီယတ် ဇန်နဝါရီ ၁ဝ
ပင်လယ်ကွေ့ ခြောက်နိုင်ငံက အီရန်နှင့် ဆော်ဒီ အာရေဗျနိုင်ငံတို့ကြား ဖြစ်ပွားသည့် တင်းမာမှုပြဿနာနှင့် ပတ်သက်၍ အီရန်နိုင်ငံကို ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။
ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီမှ နိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်း အဝေးတစ်ရပ်ကို ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်တွင် ဇန်နဝါရီ ၉ ရက်က ကျင်းပခဲ့သည်။ ယင်းအစည်း အဝေးတွင် အီရန်နိုင်ငံရှိ ဆော်ဒီအာရေဗျသံရုံး တိုက်ခိုက် ခံရမှုနှင့်ပတ်သက်၍ ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
သံရုံးတိုက်ခိုက်ခံရမှုကြောင့် ဆော်ဒီအာရေဗျနိုင်ငံက အီရန်နိုင်ငံနှင့် သံတမန်ဆက်သွယ်မှုဖြတ်တောက်ခဲ့သည်။ ဆွန်နီလွှမ်းမိုးအုပ်ချုပ်သည့် ဆော်ဒီအာရေဗျနိုင်ငံက ရှီးယိုက် ဘာသာရေးခေါင်းဆောင်တစ်ဦးကို ကွပ်မျက်မှုအတွက် မကျေနပ်သည့် အီရန်နိုင်ငံသားများက ဆော်ဒီသံရုံးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဆွန်နီအများစုလွှမ်းမိုးသည့် ပင်လယ်ကွေ့ ခြောက်နိုင်ငံအနက် ဘာရိန်းနိုင်ငံက အီရန်နိုင်ငံနှင့် သံတမန် ဆက်သွယ်မှုဖြတ်တောက်ခဲ့သည်။ ယူအေအီး၊ ကာတာ၊ ကူဝိတ်နိုင်ငံတို့ကလည်း အီရန်နိုင်ငံရှိ ၄င်းတို့၏ သံအမတ်ကြီးများကို ပြန်လည်ခေါ်ယူခဲ့ကြသည်။ အိုမန် နိုင်ငံကလည်း အီရန်နိုင်ငံကို ဆန့်ကျင်ရှုတ်ချခဲ့သည်။
ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး အဒယ် အယ်လ် ဂျူဘီယာသည် အီဂျစ်၊ ဂျော်ဒန်နှင့် ပါကစ္စတန်နိုင်ငံခြား ရေးဝန်ကြီးများကို သီးခြားစီတွေ့ဆုံပြီး ဆော်ဒီအာရေဗျ နိုင်ငံကိုထောက်ခံရန် စည်းရုံးခဲ့သည်။ အာရပ်အဖွဲ့ချုပ်ကလည်း ဆော်ဒီ-အီရန် တင်းမာမှုပြဿနာနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးကျင်းပရန် စီစဉ်လျက်ရှိသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment