Monday, January 11, 2016

အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း စာအောင်ဆုနှင်းသဘင်ကျင်းပ



The Mirror Daily's photo.


ရန်ကုန် ဇန်နဝါရီ ၁ဝ

သာသနာရေး ဝန်ကြီးဌာန (၂၃)ကြိမ်မြောက် အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ်နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း စာအောင်ဆုနှင်းသဘင်အခမ်းနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုသလထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး သြဝါဒကထာနာယူသည်။ ထို့နောက် သင်တန်းမှူး ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဝါယမသာရက သင်တန်းများနှင့် စပ်လျဉ်း၍ လျှောက်ထားပြီးနောက် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသော အလှူရှင်များက ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စာအောင်ပုဂ္ဂိုလ်များအား ဆုတံဆိပ်များနှင့် အောင်လက်မှတ်များ ချီးမြှင့်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စာအောင် ပုဂ္ဂိုလ်များအား ဂုဏ်ပြုအားပေး စကားပြောကြားခဲ့ကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment