Saturday, January 2, 2016

သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲ ဆုချီးမြှင့်


The Mirror Daily's photo.

ရန်ကုန် ဇန်နဝါရီ ၁


ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး ကျင်းပသော (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သားကောင်းမိခင်နှင့်ကလေး ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာနိုင်ငံ ဆရာဝန်များအသင်းရုံးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်၍ အမှာစကားပြောကြားသည်။
ယင်းနောက် (၁)နှစ်မှ (၂)နှစ်အထိ ကလေး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် (၆)လမှ (၁)နှစ်အထိ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းတို့ကလည်းကောင်း၊ မွေးစမှ (၆)လအထိ ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ခင်သက်ဌေးနှင့် ကလေးအမြွှာပြိုင်ပွဲနှင့် သားကောင်းမိခင်ဆု ရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးများကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment