Saturday, January 2, 2016

ဒူဘိုင်းမြို့ အထပ်မြင့်ဟိုတယ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား အနည်းဆုံးလူ ၁၆ ဦးထိခိုက်ဒဏ်ရာရ

 


The Mirror Daily's photo.


ဒူဘိုင်း ဇန်နဝါရီ ၁

ဒီဇင်ဘာ ၃၁ ရက်ညပိုင်းအချိန်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့ရှိ အထပ်မြင့် ဟိုတယ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုမှာ အထပ် ၆၃ ထပ်မြင့်သော အက်ဒရက်စ်ဒေါင်းတောင်း ဒူဘိုင်းဟိုတယ် ၏ အထပ် ၂ဝ တွင် မီးစတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။ မီးလောင်ကျွမ်းမှုကြောင့် ဟိုတယ်အပြင်ဘက်သို့ပင် မီးညွှန့်များ လျှံထွက်ခဲ့ကြောင်း သိရသည်။

မီးလောင်ခြင်းအကြောင်း အရင်းကို သိရှိရန် မီးသတ်သမားများက ကြိုးပမ်းလျက်ရှိသည်။ ကမ္ဘာလှည့် ခရီးသည်များ အပါအဝင် ဒေသခံပြည်သူများက ယင်းဟိုတယ်အနီးတွင် နှစ်သစ်ကိုကြိုဆိုသည့်အနေဖြင့် မီးရှူးမီးပန်းများ ပစ်ဖောက်ကစားနေစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

အက်ဒရက်စ် ဒေါင်းတောင်း ဒူဘိုင်းဟိုတယ် မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း ယင်းဟိုတယ်အနီးရှိ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံတွင် နှစ်သစ်ကူးပွဲတော်ကို စီစဉ်ထားသည့်အတိုင်း ဆက်လက်ဆင်နွှဲခဲ့ကြောင်း သိရသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment