Saturday, January 2, 2016

အာရှ၏အကြီးဆုံးသော မြေအောက်ရထားဘူတာရုံ တရုတ်နိုင်ငံ ရှန့်ကျန်းမြို့၌ ဖွင့်လှစ်




The Mirror Daily's photo.


ကွမ်ကျိုး ဇန်နဝါရီ ၁

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်ပြည်နယ် ရှန့်ကျန်း မြို့၌ မြေအောက်ရထားဘူတာရုံသစ်ကို ဖွင့်လှစ်လိုက်ကြောင်း၊ ယင်းမြေအောက်ရထား ဘူတာရုံသည် အာရှတိုက်၌ အကြီးဆုံး မြေအောက်ရထားဘူတာရုံဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇန်နဝါရီ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ရှန့်ကျန်းမြို့လယ်ရှိ မြေအောက်ရထားဘူတာရုံ သစ်သည် အကျယ်အဝန်း စတုရန်းမီတာ ၁၄၇ဝဝဝ ရှိ သဖြင့် ဘောလုံးကွင်း ၂၁ ကွင်းစာမျှ ဧရိယာရှိသည်။ မြေအောက်ရထားဘူတာရုံမှာ သုံးထပ်အဆောက်အအုံ ဖြစ်ပြီး ခရီးသည် ၃ဝဝဝ အတွက် ဝန်ဆောင်ပေးနိုင်ကြောင်း ကွမ်ကျိုးရထားလုပ်ငန်း ကော်ပိုရေးရှင်းက ပြောကြားသည်။

ကွမ်ကျိုး-ရှန့်ကျန်း-ဟောင်ကောင် အမြန်ရထားလမ်းသစ်ရှိ ဘူတာရုံ ခုနစ်ရုံတွင် ယင်းဘူတာရုံ ပါဝင်သည်။

ရှန့်ကျန်းနှင့် ကွမ်ကျိုးမြို့နှစ်မြို့အကြား အမြန်ရထားလမ်းသစ် ဖောက်လုပ်ခဲ့ပြီး ရထားခုတ်မောင်းချိန်ကို မိနစ် ၅ဝ နီးပါး လျှော့ချပေးနိုင်မည်ဖြစ်သည်။

မြေအောက်ရထား ဘူတာရုံသစ် စတင်ဖွင့်လှစ်သည့် ကာလအတွင်း နေ့စဉ်ခရီးသည် ၁ဝဝဝဝ ခန့် ဖြတ်သန်း သွားလာမည်ဟု မျှော်လင့်ရကြောင်း ကွမ်ကျိုးရထား လုပ်ငန်းကော်ပိုရေးရှင်းက ပြောကြားသည်။
ဆင်ဟွာ။

No comments:

Post a Comment