Friday, January 1, 2016

မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး




နေပြည်တော် ဒီဇင်ဘာ ၃၁


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ အမေရိကန်ကွန်ဂရက်မှ အထက်လွှတ်တော်အမတ် မစ္စတာ သောမတ်စ် ကော်တွန်နှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ၂ဝ၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေးပုံစံသစ်ဖြင့် လျှောက်လှမ်းနေမှုတွင် တပ်မတော် ၏ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာ- အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ် အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများအား ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ တက်ရောက်ကြပြီး မစ္စတာ သောမတ်စ် ကော်တွန် နှင့်အတူ အမေရိကန်ကွန်ဂရက် အထက်လွှတ်တော်မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။


(မြဝတီ)

No comments:

Post a Comment