Tuesday, January 12, 2016

ရွှေဘိုဒေသ၌ ရိုးရိုးစပါးခြွေလှေ့စက်ထက် ခေတ်မီရိတ်သိမ်းစက် သုံးစွဲမှုများလာ


The Mirror Daily's photo.
ရွှေဘို ဇန်နဝါရီ ၁၁
ရွှေဘိုခရိုင်ဒေသ၌ မိုးစပါးများ လှိုင်လှိုင် ရိတ်သိမ်းနေစဉ် စက်မှုလယ်ယာ ဖွံ့ဖြိုးတိုးတက် လာမှုကြောင့်လည်းကောင်း၊ အချိန်ကုန် ငွေကုန်နည်းပါးပြီး လူပင်ပန်းသက်သာမှုရှိ၍ လည်းကောင်း တောင်သူများအနေဖြင့် ခေတ်မီ၍ နောက်ဆုံးပေါ် ရိတ်သိမ်းခြွေလှေ့ စက် (Combine) များကို အသုံးပြုလာကြကြောင်း၊ ယခင်ကနဦးရှိရင်းစွဲ ရိုးရိုးစပါးခြွေလှေ့စက်များကို သုံးစွဲငှားရမ်းမှု မရှိလောက်အောင် နည်းပါးသွား၍ ရပ်နားထားရသည်ဟု ရိုးရိုး စပါးခြွေလှေ့စက်ပိုင်ရှင်များထံမှ သိရသည်။
အဆိုပါ ရွှေဘိုခရိုင်ဒေသသည် သဖန်းဆိပ် ဆည်ရေဖြင့် မိုးစပါးများကို လယ်မြေဧကပေါင်း သုံးသိန်းကျော် စိုက်ပျိုးထားရာ ယခုအချိန်တွင် စပါးများရင့်မှည့်နေမှုကြောင့် လှိုင်လှိုင်ရိတ်သိမ်း နေကြောင်း၊ ထိုသို့ စပါးများရိတ်သိမ်းနေစဉ် လူများဖြင့် ရိတ်သိမ်းရာ၌ စပါးရိတ်လုပ်သား ရှားပါးသည့်အပြင် လုပ်အားခဈေးကြီးမြင့်မှု၊ အချိန်ကုန်၊ ငွေကုန်နည်းပါးသည့်အပြင် လူပင်ပန်းသက်သာမှုရှိသည့်အတွက် ယခင်ကနဦးရှိရင်းစွဲ ရိုးရိုးစပါးခြွေလှေ့စက်များကို မသုံးတော့ဘဲ ခေတ်မီ၍ နောက်ဆုံးပေါ် ရိတ်သိမ်းခြွေလှေ့စက်(Combine)များဖြင့် တောင်သူများက အသုံးပြုလာကြသည်။
''ကျွန်တော်တို့ဒေသမှာတော့ စက်မှု လယ်ယာ ဖွံ့ဖြိုးတိုးတက်လာပါတယ်။ မြင်းကောင်ရေ ၄၅၊ မြင်းကောင်ရေ ၆ဝ၊ မြင်းကောင်ရေ ၉ဝ ရှိတဲ့ လယ်ထွန်စက်ကြီးတွေ စုစုပေါင်း ၅၄ စီးကို သမဝါယမအသင်းစုက အရစ်ကျဝယ်ယူပြီး ထွန်စက်ကြီးတွေနဲ့ ထွန်ယက်စိုက်ပျိုး လုပ်ကိုင်နေပါတယ်။ တောင်သူတွေကလည်း ကုမ္ပဏီတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး နောက်ဆုံးပေါ် ရိတ်သိမ်းခြွေလှေ့စက်(Combine) တွေကို အသုံးပြုလာတာ မြို့နယ်တွင်းမှာ အစီးရေ ၂ဝ လောက်ရှိမယ် ထင်ပါတယ်''ဟု ခင်ဦး မြို့နယ် သမဝါယမအသင်းမှ ဦးသိန်းထွန်းက ပြောသည်။
ယင်းမြို့နယ်ရှိ ကန်သစ်ကျေးရွာမှ ရိုးရိုး စပါြးေ>ွခလှေ့စက်ပိုင်တစ်ဦးကလည်း ''ခေတ်မီ ၍ နောက်ဆုံးပေါ် ရိတ်သိမ်းခြွေလှေ့စက် (Combine)တွေနဲ့ တောင်သူတွေက အသုံး ပြုလာနေတော့ ရိုးရိုးစပါြးေ>ွခလှေ့စက်တွေ ငှားရမ်းသူနည်းပါးသွားပြီး ရပ်နားထားရတဲ့ ရက်က များနေပါတယ်'' ဟု ပြောသည်။
(ရောင်နီတင်ဝင်း)

No comments:

Post a Comment