Tuesday, January 12, 2016

မန္တလေးတောင်ပေါ်နှင့် မြွေကြီးနှစ်ကောင်အား ပြည်ပခရီးသွားများနှင့်ဘုရားဖူးများအထူးစိတ်ဝင်စားလာ


The Mirror Daily's photo.
မန္တလေး ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး မန္တလေးတောင်ပေါ်ရှိ မြွေကြီးနှစ်ကောင်၏ သမိုင်းဖြစ်စဉ် များကို မြန်မာနိုင်ငံရှိ ပြည်သူများသာမကအခြားနိုင်ငံများကပါ အထူးစိတ်တစား လာရောက်လေ့လာလျက်ရှိကြောင်းသိရသည်။
''စခန်းမဝေးပေါင်-ရွှေမန္တလေးတောင်မြွေကြီးနှစ်ကောင် သွားလို့ကြည်ရအောင် ဆိုသော သီချင်းစာသားအတိုင်းနေ့စဉ်လိုလိုခရီးသွား နိုင်ငံခြားသားများ ဘုရားဖူးပြည်သူများနှင့် အထူးစည်ကားနေပြီး ယင်းတောင်ပေါ်ရှိ မြွေကြီးနှစ်ကောင်၏ သမိုင်းဖြစ်စဉ်များကို လာရောက်လေ့လာသူများပြားကြောင်း အဆိုပါ တောင်ပေါ်ရှိ ဂေါပကအဖွဲ့ထံမှသိရသည်။
''ကျွန်မတို့က အမေရိကန်နိုင်ငံကလာရောက်ခဲ့တာပါ။ မြန်မာပြည်ရောက်တာနဲ့ ပထမဆုံး မန္တလေးတောင်ပေါ်ကမြွေကြီးနှစ်ကောင်နဲ့ မန္တလေးမြို့တော်ရဲ့ ရှုခင်းအလှတွေကို ကြည့်ချင်ရင် မန္တလေးတောင်ပေါ်က ကြည့်လိုရတယ်လို့ သိထားလို့ လာရောက်လေ့လာကြတာပါ။ ဒီတောင်ပေါ်မှာရှိနေတဲ့ မြွေကြီးနှစ်ကောင်ဟာတကယ်ကို အသက်ဝင်နေတဲ့ မြွေကြီးတွေလိုခံစား မိပါတယ်။
'နောက်ပြီးတော့ တောင်ပေါ်ကနေပြီး မန္တလေးမြို့ရဲ့ အလှတွေနဲ့ညနေနေဝင်သွား တဲ့အလှတွေဟာ ကျွန်မတို့နိုင်ငံမှာ မမြင်ဘူးခဲ့တဲ့အရာတွေမို့ ကြည်နူးပျော်ရွင် မိပါတယ်။ ဒီကအပြန်ဆိုရင် ပုဂံယဉ်ကျေးမှုဒေသကိုလည်း သွားရောက်လေ့လာမှာပါ။ အခက်အခဲအနေနဲ့တော့ မန္တလေးမြို့ဟာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အညီ ယာဉ်ကြောပိတ်ဆို့မှုတွေများလာပါတယ်။ ဒီလိုပဲ မန္တလေးတောင်တက်လမ်းတွေကကျဉ်းတော့ ကားကိုထိန်းပြီးမောင်းနှင်ပါတယ်။ ပိုဆိုးတာက ဒီတောင်ပေါ်ဘုရားရင်ပြင် ပေါ်မှာယာဉ်တွေ စည်းကမ်းလိုက်နာမှု နည်းပါးမှုတွေရှိနေတာဟာ ကျွန်မတို့အတွက် အခက်အခဲတွေပါ'' ဟု အမေရိကန်
နိုင်ငံမှလာရောက်လေ့လာသူ ဇနီးမောင်နှံ က ယင်းတို့၏အမြင်ကို ပြောသည်။
မြွေကြီးနှစ်ကောင်၏ သမိုင်းဖြစ်စဉ်မှာရသေ့ကြီးဦးခန္တီသည် အဆိုပါတောင်ပေါ်တွင် သာသနာပြုနေသော အချိန်တွင် တစ်နေ့၌ ရသေ့ကြီး တရားအားထုတ်နေသောညဥ့်အချိန်တွင် ကျောင်းအောက်သို့ရောက်ရှိလာသော မြွေကြီးနှစ်ကောင်ဖြစ်ပြီး မည်သူ့ကိုမှ ရန်မူခြင်း မပြုလုပ်သောကြောင့်ရသေ့ကြီးကလည်း ထိုက်သင့်သော အစာရေစာတို့ကို ကျွေးမွေး၍ ပြုစုစောင့်ရှောက်
ထားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ကျော်ကျော်(မလိုင်)

No comments:

Post a Comment