Wednesday, January 13, 2016

ပဲနွယ်ကုန်းတွင် မန္တလေး-ရန်ကုန်အစုန်ရထားလမ်းချော်၍ တံတားအားတိုက်မိ


The Mirror Daily's photo.
ကျောက်တံခါး ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမီးရထားဘူတာအနီးတွင် လမ်းချော်၍ တံတားအား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်ခေါင်းအမှတ် DF1247 စက်ခေါင်းမောင်း ဦးအေးကို မောင်နှင်းလာသော မန္တလေး-ရန်ကုန် အစုန် ကုန်တင်ရထားသည် ပဲနွယ်ကုန်းမြို့အနီး မီးရထားမိုင်တိုင်အမှတ် (၁၁၃/၂၄) နှင့် (၁၁၃/၂၃) ကြားတွင် စက်ခေါင်းနောက် သုံးတွဲမြောက်လမ်းချော်၍ တုံကန်ချောင်းအလယ်တွင် တည်ဆောက်ထားသော သံလမ်းကူးတံတား မြေထိန်းနံရံအုတ်ခုံအား ဝင်ရောက်တိုက်မိရာ နံရံအုတ်ခုံများ ကျိုးပဲ့ပြိုကျမှုဖြစ်ပွားခြင်း၊ မီးရထားပြေးလမ်းသစ်သား ဇလီဖားတုံးများ ကျိုးကြေခြင်း၊ ကွန်ကရစ်ဇလီဖားတုံးများ ပွန်းပဲ့ခြင်းနှင့် ရထားသံလမ်းအားကုပ်ထားသော ကလစ်များ ကြေမွပျက်စီးခြင်းဖြစ်ပေါ်ခဲ့ပြီး လိုက်ပါလာသော မီးရထားဝန်ထမ်းများ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

No comments:

Post a Comment