Wednesday, January 13, 2016

ဆီးရီးယားနိုင်ငံအတွင်း ကုလအကူအညီပေးရေး ယာဉ်တန်းဝင်ရောက်



Myanmaalinn's photo.
မာဒရာ (ဆီးရီးယား) ဇန်နဝါရီ ၁၂

လအတန်ကြာအကူအညီမရဘဲ ပိတ်ဆို့ခံထားရသော ဆီးရီးယားနိုင်ငံ အတွင်း အကူအညီပေးရေး သံတမန်အဖွဲ့ တနင်္လာနေ့တွင် ဝင်ရောက်သွားပြီဖြစ်ကြောင်း၊ လူ အများအပြား အစာငတ်သေဆုံး လျက်ရှိကြောင်း သတင်းများက ဖော်ပြသည်။
အစားသောက်နှင့် ဆေးဝါး အထောက်အပံ့များ တင်ဆောင်လာ သောထရပ်ကားများသည် လက် ဘနွန်နယ်စပ်အနီး မာဒရာမြို့သို့ ရောက်ရှိကာနှစ်ဖက်အကြား သဘော တူချက်ရရှိထားသော နေရာအစိတ် အပိုင်းကို စတင်ဖြန့်ဝေပေးလျက်ရှိ ကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ ကြက်ခြေနီကော်မတီက ပြောကြား သည်။
''တင်ဆောင်လာတဲ့ အကူအညီ ပေးရေးပစ္စည်းတွေအားလုံး ညလုံး ပေါက် ဖြန့်ဝေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်''ဟု အိုင်စီအာစီ ပြောရေးဆိုခွင့်ရှိသူ ပါဝဲလ်ခရက် ဆက်က အင်တာနက်မှတစ်ဆင့် ပြော သည်။
အဆိုပါမြို့တွင် အစာရေစာ ပြတ်လပ်၍ ဒါဇင်နှင့်ချီသောလူများ သေဆုံးသွားခဲ့ကြောင်း၊ ဆေးဝါးကုသ မှုလည်း လုံးဝမရရှိကြောင်း၊ အချို့ မှာ သစ်ရွက်များကို စားသုံးနေကြ ရကြောင်း လူမှုကွန်ရက်တွင် ဓာတ်ပုံ များထုတ်ပြန်ထားသည်။
တစ်ချိန်တည်းမှာပင် အခြား အကူအညီပေးရေးယာဉ်တန်းသည် အိုင်းဒလစ်ပြည်နယ် အနောက် မြောက်ပိုင်း ရှီးယိုက်ကျေးရွာများ ဖြစ်သည့် အယ်ဖောယာနှင့် ကေးဖရာ ယာရွာများအတွင်း ဝင်ရောက်သွား ခဲ့သည်။
မာဒရာမြို့သည် ဆီးရီးယား အစိုးရလိုလားသော တပ်များက ပိတ်ဆို့ခံထားရသည်။ ထိုအတော အတွင်း အိုင်းဒလစ်ပြည်နယ်ရှိ ရွာ နှစ်ရွာကိုလည်း ဆီးရီးယားအစိုးရ ကို တိုက်ခိုက်နေသော သူပုန်များ၏ ပိတ်ဆို့ခြင်းကိုခံထားရသည်။

(ရိုက်တာ)

No comments:

Post a Comment