Saturday, January 2, 2016

ကလေးမြို့နယ်ရှိ ရေဘေးသင့်များအတွက် လူနေအိမ်များရာနှုန်းပြည့်ဆောက်လုပ်ပြီးစီး


The Mirror Daily's photo.
ကလေး ဇန်နဝါရီ ၁
ကလေးမြို့နယ်တွင် ရေမျောပျက်စီး ဆုံးရှုံးသွားသည့် လူနေအိမ်များအစား အိမ်သစ်ဆောက်လုပ်ပေးရန် သတ်မှတ် ထားသော ဇုန်(၁)ရှိ ရပ်ကွက် (၉)ရပ်ကွက် မှ အိမ်ခြေ ၁ဝ လုံး၊ ဇုန် (၂)ရှိ ကျေးရွာ ၁ဝ ရွာမှ အိမ်ခြေ ၂၆၄ လုံး၊ ဇုန်(၃) ရှိ အောင်မြင်သာကျေးရွာမှ အိမ်ခြေ ၄၈ လုံး၊ ဇုန်(၄)ရှိ ကျေးရွာခုနစ်ရွာမှ အိမ်ခြေ ၃၄ လုံးနှင့် ဇုန်(၅)ရှိ နတ်နန်းကျေးရွာမှ အိမ်ခြေနှစ်လုံးတို့အား နိုင်ငံတော်အစိုးရ
၏ စေတနာ၊ ပြည်သူများထဲမှ စေတနာ အလှူရှင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ များနှင့် ကုမ္ပဏီများ၏ ကူညီထောက်ပံ့မှု များဖြင့် လူနေအိမ်သစ်များကို အရှိန် အဟုန်ဖြင့် ဆောက်လုပ်ပေးလျက်ရှိရာ ဒီဇင်ဘာ ၃၁ ရက်တွင် လုပ်ငန်းအားလုံး ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်တွင် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ သော်လည်း ယခုနှစ်ကဲ့သို့ ရေကြီးရေလျှံ နစ်မြုပ်မှုမှာ နှစ်ပေါင်း ၁ဝဝ အတွင်း တစ်ကြိမ်တစ်ခါမျှ ဖြစ်ပေါ်ဖူးခြင်းမရှိခဲ့ဘဲ လွန်ခဲ့သောဇူလိုင်လနှင့် သြဂုတ်လအတွင်း ကလေးဒေသတွင် ရေကြီးရေလျှံမှုကြောင့် ကလေးမြို့နယ်တွင် လူနေအိမ်ခြေ ၃၅၈ လုံး၊ ကလေးဝ မြို့နယ်တွင် လူနေအိမ်ခြေ ၉၁ လုံးနှင့် မင်းကင်းမြို့နယ်တွင် လူနေအိမ်ခြေ ၂၄ လုံး စုစုပေါင်း လူနေအိမ်ခြေ
၄၇၃ လုံး ရေမျောပျက်စီးခဲ့သည်။
ယင်းကဲ့သို့  ကလေးဒေသတွင် ပျက်စီးဆုံးရှုံးမှုကြီးမား
သော်လည်း ရေဘေးသင့်ပြည်သူများအား မူလအနေ
အထားထက် သာလွန်ကောင်းမွန်အောင်နေထိုင်နိုင်ကြ
ရေးအတွက် ရေမျောပျက်စီးသွားသော လူနေအိမ်များ
အစား ပိုမိုကောင်းမွန်သော အိုးသစ်အိမ်သစ်များကို
သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးနိုင်ရေးအတွက် အရှိန်မြှင့်တင်၍ ဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ကာ ကလေးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နှင့် ဇုန်အလိုက်တာဝန်ပေးထားသော ခရိုင်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်လျက်ရှိရာ ကလေးခရိုင်အတွင်းရှိ လူနေအိမ်သစ်များဆောက်လုပ်
မှုမှာ ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်သည်။
ရေဘေးသင့်ပြည်သူများလည်း အိုးသစ်အိမ်သစ်များတွင်
စတင်ပြောင်းရွှေ့နေထိုင်လာကြပြီဖြစ်ကြောင်း သိရ
သည်။
(ဂျိုးနက်)

No comments:

Post a Comment