Saturday, January 2, 2016

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


The Mirror Daily's photo.
နေပြည်တော် ဇန်နဝါရီ ၁
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြ သည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဦးÓဏ်ထွန်းအောင်၊ ဦးတင့်ဆန်း၊ ဒေါက်တာသန်းအောင်၊ ဦးဌေးအောင်၊ ဒုတိယ ဝန်ကြီးများနှင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အမှာစကားပြောကြားရာတွင် ယနေ့ အစည်းအဝေးသည် ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် နိုင်ရန် ပြုလုပ်သည့်အစည်းအဝေးဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့မှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးပြီး ဖြစ်ပါကြောင်း။
NCA ၏သဘောတူညီချက်များအတိုင်း အကောင် အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM) ယင်းနေ့၌ပင် နိုင်ငံတော်သမ္မတက ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ JICM အောက်တွင်ရှိသည့် ပူးတွဲကော်မတီတစ်ခုဖြစ်သော UPDJC ကို ဖွဲ့စည်းပြီး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်(မူကြမ်း)(The Framework for Political Dialogue)ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေး ပါတီနှင့် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၈)ဖွဲ့မှ ပူးပေါင်းရေးဆွဲခဲ့ကြပြီးဖြစ်ပါကြောင်း။
ယင်း Framework ကို NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း(၆ဝ)အတွင်း ရေးဆွဲပြီးစီးပြီးဖြစ်ရမည်ဟု သတ်မှတ်ထားပါကြောင်း၊ ထို့ကြောင့် ရေးဆွဲပြီးသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် MICC-2 ၌ နိုင်ငံတော်သမ္မတထံသို့ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ NCA စာချုပ်အရ ယင်းမူဘောင်ကိုအခြေခံပြီး နိုင်ငံရေး ဆွေးနွေးပွဲစတင်ရန် ရက်ပေါင်း ၉ဝ အတွင်း ခေါ်ယူရမည် ဖြစ်သည့်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နိုင်ငံတော်သမ္မတက လာမည့်ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပမည်ဟု ကြေညာခဲ့ပါကြောင်း၊ ယင်းညီလာခံကို အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီ၊ အခြားဖိတ်ကြားသင့်သည့် တိုင်းရင်းသား ကိုယ်စားလှယ်၊ တတ်သိပညာရှင်အစုအဖွဲ့ (၅)ဖွဲ့၊ လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်၊ အကျိုးဆောင်များနှင့် လေ့လာသူများအပါအဝင် လူပုဂ္ဂိုလ် ၈၇ဝ တက်ရောက်ကြမည်ဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း။
ဖွင့်ပွဲအခမ်းအနားကို MICC- 2 တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတအပါအဝင် အထူးဖိတ်ကြားထားသူ ၂၆၆ ဦးခန့် တက်ရောက်ကြမည်ဖြစ်သည့်အတွက် စုစုပေါင်း လူဦးရေ ၁၁ဝဝ ခန့်ရှိမည်ဟု သိရှိကြောင်း၊ ထို့ကြောင့် ညီလာခံကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပ ရေးဗဟိုကော်မတီဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ကျန်သည့် လုပ်ငန်းအဝဝကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်း ကော်မတီများကိုလည်း ထပ်မံဖွဲ့စည်းထားပြီး ဗဟို ကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ညီလာခံအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းဆောင်ရွက်သွားမည့် အခြေအနေ၊ ညီလာခံကျင်းပမည့် နေရာသတ်မှတ်ထားမှု အခြေအနေ၊ ညီလာခံသို့တက်ရောက်မည့် တာဝန်ရှိသူ များအား ဖိတ်ကြားသွားမည့်အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး များနှင့် ဒုတိယဝန်ကြီးတို့က လုံခြုံရေး၊ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ဖွင့်ပွဲနှင့် အစည်းအဝေးအခမ်းအနားကျင်းပရေး၊ ပြန်ကြားရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး စသည့် ကဏ္ဍများအလိုက် တာဝန်ယူဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ ပေါင်းစပ် ဆောင်ရွက်ရန်နှင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်ကိစ္စ ဖြစ်သည့်အတွက် လိုအပ်ချက်မရှိစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment